
ရွေးကောက်ပွဲ၏ အရည်အသွေးကို ရွေးကောက်ပွဲကျင်းပသည့်နေ့ တစ်ရက်တည်းကို စောင့်ကြည့်အကဲဖြတ်ခြင်းထက် ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်လုံးဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက််ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလ စသည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကဲဖြတ်ရန် လိုအပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။
မတ် ၁၂ ရက်က နေပြည်တော်ရှိ Grand Amara Hotel တွင် ကျင်းပသည့် ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် International Institude for Democracy and Electoral Assistance (International IDEA) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ထားရှိိခြင်းကြောင့် တရားမဲ့ပြုကျင့်မှုနှင့် ရွေးကောက်ပွဲ မသမာမှုများကို လျှော့ချနိုင်ခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ရလဒ်များအပေါ် ယုံကြည်မှုရှိစေခြင်းတို့အပြင် စောင့်ကြည့်လေ့လာသူများ၏ အစီရင်ခံစာပါ အကြံပြုချက်များကို အသုံးပြု၍ နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။
“ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာအကဲဖြတ်သည့် လုပ်ငန်းသည် ရွေးကောက်ပွဲများ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို တိုးတက်မြင့်မားလာစေသကဲ့သို့ ဒီမိုကရေစီစနစ်ကို ခိုင်မာစွာတည်ဆောက်ရာတွင်လည်း အထောက်အကူဖြစ်စေပါသည်” ဟု ဦးလှသိန်းက ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံငါးချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၂ ပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်