
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တစ်ဖက်သတ်လိုချင်မှုများပြောနေပါက မည်သည့်အခါမျှ အောင်မြင်မည် မဟုတ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
Zoom Application ဖြင့် ပြုလုပ်သည့် NLD ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးညီလာခံသည် မပြီးဆုံးသေးကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုသည်မှာ အခုရေးတွင်းတူး အခုရေကြည်သောက်၍မရကြောင်း၊ အခြားသော နိုင်ငံများတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှစ်ပေါင်းများစွာ ရှည်ကြာကြောင်းနှင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ခန့် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ရန်မှာ အချိန်ယူရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသော Stakeholder များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်တိုင်က ငြိမ်းချမ်းရေးလိုချင်မှသာ ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပြီး လက်ခုပ်ဆိုသည်မှာ တစ်ဖက်တည်း တီး၍ အသံမထွက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အဲဒီတော့ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ကျွန်တော်နှစ်ဖက်စလုံးကိုပြောတာ။ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကိုယ်တိုင်ကိုက မြန်မာနိုင်ငံရဲ့ တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အလွန်စိတ်အားထက်သန်တဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့ တပ်မက်မှုရှိကိုရှိရ မယ်။ ဒါမှသာလျှင် အပေးအယူ အလျှော့အတင်း လုပ်လို့ရမယ်။ တစ်ဖက်သတ် ကိုယ်လိုချင်တာ ပြောနေရင်တော့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး” ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည်မှာ အပေးအယူရှိရမည်ဖြစ်ပြီး အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းရေးရရှိအောင် လုပ်ရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုသဘောတူစာချုပ်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှရရှိလာပြီး ထပ်မံ၍ သဘောတူညီချက်များ ရရှိလာသည့်အခါ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည့် အခြေခံဥပဒေ တစ်ရပ်လိုအပ်ပါက ငြိမ်းချမ်းရေးညီလာခံမှ ရရှိသည့် သဘောတူညီချက်များဖြင့် သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်က ပြင်ရန်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သော်လည်း ငြိမ်းချမ်းရေးညီလာခံမှ ရရှိလာသော သဘောတူညီချက်များဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ပါဝင်သည့်အတွက် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်