
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံခံရ ခြင်း အတွက် ဝမ်းနည်းကြောင်းနှင့် ထိုသို့သော အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) က နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ် အမှတ် (၁) တွင် ရွေးကောက်ပွဲ အနိုင် ရရှိခဲ့သော NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် သည် နိုဝင်ဘာ ၂၁ ရက်တွင် ၎င်း၏နေအိမ် ၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်တို့ကတော့ ဒီဟာကဘာနဲ့ ဆက်စပ်တာပဲဖြစ်စေ မလုပ်သင့်ဘူးပေါ့။ ကျွန်တော်တို့က ကန့်ကွက်တယ်။ လုံးဝကန့် ကွက်တယ်။ လုံးဝရှုတ်ချတယ်” ဟု KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြော ကြားသည်။
ထိုသို့သော အကြမ်းဖက်လုပ်ရပ်အား လုံးဝမကြိုက်ကြောင်းနှင့် နောင်တွင်လည်း ထိုသို့သောအကြမ်းဖက်လုပ်ရပ်များကို မကြားလိုကြောင်းလည်း KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ပြောကြားသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချကြောင်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်တကွ ကျန်ရစ်သော မိသားစုများနှင့်အတူ ဝမ်းနည်း ကြောင်း KSPP ၏ ဝမ်းနည်းကြောင်း သဝဏ် လွှာတွင် ဖော်ပြခဲ့သည်။
NLD ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍တအာင်း(ပလောင်)အမျိုးသား ပါတီကလည်း နိုဝင်ဘာ ၂၂ ရက်တွင် သဘောထား ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါသဘောထားထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ရိုင်းစိုင်းသော လုပ်ကြံသတ်ဖြတ် မှုကြောင့် ၎င်း၏မိသားစုနှင့်အတူ NLD ပါတီအတွက်ပါ ကြီးစွာနစ်နာဆုံးရှုံးခဲ့ရသည် ဟု ဖော်ပြခဲ့သည်။
ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့ သူကို ဖမ်းဆီးအရေးယူအပြစ်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူး ပေါင်း၍အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေး ရန် လည်း တအာင်း(ပလောင်)အမျိုးသားပါတီ က တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်