
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေရာစုံ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၂၀ မှာ စီမံခန့်ခွဲခွင့်ရရှိပါက ပထမဦးစားပေးအနေနဲ့ တောင်သူလယ်သမားများ အဖေ ခေါ်လောက်တဲ့ ဝန်ကြီးဌာနတစ်ခု သီးခြားဖွင့်လှစ်သွားမည်ဟု ဗဟိုကော်မတီဝင် ဦးဝင်းကိုထံမှ သိရသည်။
အစိုးရ ခေတ်အဆက်ဆက် ပြောကြားခဲ့ သည့် လက်မှုလယ်ယာမှ စက်မှုလယ်ယာ ပြောင်းလဲမည် ဆိုသည်မှာ အလုပ်နှင့် သက်သေပြနိုင်ခြင်း မရှိဘဲ လေပဲရှိကြောင်း၊ ထိုကဲ့သို့ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တာဝန်ယူစဉ်လည်း ပြောကြားခဲ့ကြောင်း လက်တွေ့တွင် တောင်သူလယ်သမားများ အနေဖြင့် Thinking အပိုင်း တိုးတက်လာကာ ဖွံ့ဖြိုးသော စီးပွားရေးတစ်ခု ရပ်တည်ပြီး အသိဉာဏ် ဖွံ့ဖြိုးတိုးတက်သော တောင်သူလယ်သမားများ၏ မိသားစုဝင်များကလည်း လယ်ယာလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်လာမှသာ မျှော်မှန်းထားသည့် စက်မှုလယ်ယာခေတ်ကို ပီပီပြင်ပြင် ရောက်ရှိပြီး တောင်သူလယ်သမားထု တစ်ရပ်လုံး ဘဝတိုးတက်အောင် ဆောင်ရွက်မည့် ရည်မှန်းချက် တစ်ခု ထားရှိထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းကို ကပြောသည်။
“ဗဟိုကလည်း တို့ ၂၀၂ဝမှာ ပြည်ခိုင်ဖြိုးကများ စီမံခန့်ခွဲခွင့်ရခဲ့ရင် တို့ကာလတုန်းက လုပ်ခဲ့တယ်။ ဒါပေမဲ့ နည်းနည်းလေး လိုအပ်သွားတာလေးက တောင်သူလယ်သမားတွေ က အဖေခေါ်လောက်သော ဝန်ကြီးဌာနတစ်ခု မရှိခဲ့ဘူး သီးခြားကိုပဲ တောင်သူလယ်သမားရေးရာဝန်ကြီးဌာနတစ်ခု ဖွင့်မယ်ကွာဆိုတဲ့ ရည်မှန်းချက်ကိုလည်း ဗဟိုကလည်း ချမှတ်ထားတယ်။ ကျွန်တော်တို့တိုင်းကလဲ ပြည့်ပြည့်ဝ၀ ထောင်ခံပေးတယ် ပထမဦးစားပေးအနေနဲ့ ဒါလေးတွေ လုပ်မယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းကိုက ဆက်လက် ပြောကြားသည်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာစုံ ဖြစ်သော အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူလွှတ်တော် ၂၆ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၅၄ နေရာ၊ တိုင်းရင်းရေးရာဝန်ကြီး နှစ်နေရာ စုစုပေါင်း ၉၂ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီးရုံးမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်