
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ ထိပ်တိုက်ယှဉ်ပြိုင်လိုခြင်းမရှိသည့်အတွက် ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁)တွင် ပြောင်းလဲယှဉ်ပြိုင်မည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောကြားသည်။
အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂများကိုယ်စားပြု တစ်သီးပုဂ္ဂလကိုယ် စားလှယ်အဖြစ် မူလက ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဇူလိုင် ၆ ရက်က ကြေညာခဲ့သော်လည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၌ ယှဉ်ပြိုင်မည်ဟု NLD ပါတီ၏ ဇူလိုင် ၂၃ ရက် ထုတ်ပြန်ချက်အပြီးတွင် မဲဆန္ဒနယ် ပြောင်းလဲယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်စုစုနွေးက ပြောကြားသည်။
NLD ပါတီဝင်ဟောင်းဖြစ်ခဲ့၍ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တိုက်မယှဉ်ပြိုင်လိုခြင်းဖြစ်သည်ဟု ဒေါ်စုစုနွေးက ပြောကြားသည်။
“အန်တီက ကျွန်မတို့ပါတီက နိုင်ငံရေးခေါင်းဆောင်ဖြစ်နေတဲ့အတွက် အမေနဲ့ သမီးထိပ်တိုက် မယှဉ်ပြိုင်ချင်တာကြောင့် ကျွန်မနိုင်ငံရေးအရ နေရာပြောင်းလဲ ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လယ်သမား၊ အလုပ်သမားသမဂ္ဂများနှင့် ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးတွင် ဒေါ်စုစုနွေးသည် တစ်ဦးအပါအဝင်ဖြစ်သည်။
အလုပ်သမားနှင့် လယ်သမားသမဂ္ဂများကိုယ်စားပြု တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁ ဦးသည် ရန်ကုန်တိုင်းအတွင်းရှိလှိုင်သာယာမြို့နယ် (အရှေ့၊ အနောက်)၊ ကော့မှူး၊ ထန်းတပင်နှင့် ထန်းတပင်မြို့နယ်များရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင် ဒေါ်စုစုနွေးတစ်ဦးသာ မဲဆန္ဒနယ် အပြောင်းအလဲဖြစ်ခဲ့ပြီး ကျန် ၁၀ ဦးမှာ မဲဆန္ဒနယ်အပြောင်းအလဲမရှိကြောင်း သိရသည်။
ပြည်သူလူထုအား မြေယာအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ကာကွယ်ပေးမှုများတွင် အားနည်းချက်များရှိသည့်အတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောကြားသည်။
NLD ပါတီမှ နုတ်ထွက်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် တောင်သူလယ်သမားအရေးလှုပ်ရှားသူအဖြစ် နှစ်ရှည်လများဆောင်ရွက်ခဲ့ပြီးနောက် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ဒေါ်စုစုနွေး ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်