
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်းဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/ SSA) က ဇူလိုင် ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
SSPP/ SSA ၏ ၂၀၂၀ ပြည့်နှစ်ခြောက်လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် ၁၅ ရက်မှ ၂၉ ရက်အထိ SSPP ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်တွင် SSPP က ထိုသို့ထည့်သွင်း ကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ SSPP/ SSA အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်ပေါ်လာရန် ပြည်ထောင်စုအစိုးရ၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် သက်ဆိုင်သူအားလုံးတို့နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SSPP က ကြေညာခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အလျောက် အဆိုပါအစည်းအဝေးအား အပြုသဘောရှုမြင်ကြောင်းလည်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီး SSPP အနေဖြင့် အဆိုပါကြေညာချက်အား အပြည့်အဝထောက်ခံ ကြိုဆိုကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူလူထုက လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိရေးနှင့် တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်မျှော်လင့်ကြောင်းလည်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
SSPP အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆည်မြောင်းတာ တမံတည်ဆောက်ရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးစသည့် လုပ်ငန်းဆောင်တာများကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း SSPP က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပနိုင်ငံရေးအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် သုံးသပ်ခြင်းများ၊ SSPP/ SSA ၏ ၂၀၁၉ ခုနှစ် နှစ်ချုပ်အစည်းအဝေး ဆုံးဖြတ်ချက်များအား ဆွေးနွေးသုံးသပ်ခြင်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်