
မြန်မာနိုင်ငံသည် တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ရွေးကောက်ပွဲအပြီးအစိုးရဖွဲ့စည်းပါက တိုင်းရင်းသားများပါဝင်သည့် အစိုးရဖွဲ့နိုင်ရန် အရေးကြီးကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းအရေးမှူး (၂) ဖြစ်သူ နိုင်စံတင်က ပြောကြားသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့် ကိုယ့်နယ်မြေထဲ၌ ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖြတ်သန်းသည့်အခါ ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်လုံးတွင် ပါတီကြီးတစ်ခုကသာ နိုင်သွားပြီး အစိုးရဖွဲ့ခွင့်ရခဲ့ကြောင်း၊ သို့သော် နိုင်ငံအတွက် တိုးတက်ဖွံ့ဖြိုးရန် ကတိကဝတ် ပြုထားသလို မဖြစ်ခဲ့ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးပင် မတည်ဆောက်နိုင်ဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။
“ အဲဒါကြောင့် တိုင်းရင်းသားတွေ မပါဘဲနဲ့ ဒီနိုင်ငံသည် ဖွဲ ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့ လိုချင်တာမဖြစ်ဘူး။ ကျွန်တော်တို့နိုင်ငံသည် တိုင်းရင်းသားတွေနဲ ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့ အတွက်ကြောင့် လာမည့်ရွေးကောက်ပွဲ အပြီးမှာအစိုးရအဖွဲ့တဲ့အခါမှာ တိုင်းရင်းသားတွေ ပါဝင်တဲ့ အစိုးရဖွဲ့နိုင်ဖို့ အရေးကြီးပါတယ်” ဟု နိုင်စံတင်က ပြောကြားသည်။
ထို့ပြင် တိုင်းရင်းသားများလိုချင်သော ဖက်ဒရယ်စနစ်အား သေချာညှိနှိုင်းဆွေးနွေးပါက ရနိုင်မည်ဟု ယူဆကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအလွန် အစိုးရဖွွဲ့စည်းသည့်အခါ တိုင်းရင်းသားများပါဝင်သည့် ညွန့်ပေါင်းအစိုးရ ဖြစ်စေချင်ကြောင်း၊ ထို့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီများအား ထောက်ခံမဲပေးကြရန် တိုက်တွန်းလိုကြောင်း နိုင်စံတင်က ဆိုသည်။
“ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ များလာရင် အစိုးရဖွဲ့တဲ့အခါမှာ ညွန့်ပေါင်းအစိုးရအဖွဲ့ လာနိုင်တယ်။ လွှတ်တော်မှာဆိုရင်လည်း ဖက်ဒရယ်အရေးကို ပိုပြီးတော့ ဆွေးနွေးလာနိုင်ပါမယ်။ အပြန်အလှန်ဆွေးနွေးရင်းနဲ့ တစ်ဦးနဲ ့တစ်ဦးနားလည်မှုတွေ ရသွားရင်တော့ ငြိမ်းချမ်းရေးရော၊ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်မူတွေရော၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အားလုံး အဆင်ပြေနိုင်ပါမယ်။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီနိုင်ငံက တိုးတက်လာမှာမဟုတ်ဘူး။ တစ်ချိန်လုံးစစ်ပွဲတွေရှိနေတဲ့ အခါကျတော့ ဘယ်လိုမှလည်းမဖြစ်နိုင်ဘူး။ တိုင်းရင်းသားတေ ွတောင်းဆိုနေတာကလည်း ဖက်ဒရယ်မူပါပဲ။ တကယ်လို့ ဖက်ဒရယ်မူကိုအကောင် အထည်ဖေါ်နိုင်ရင်တော့ ငြိမ်းချမ်းရေးကိစ္စလည်း ပြေလည်သွားမယ်လို့ မြင်ပါတယ်” ဟု နိုင်စံတင်က ပြောကြားသည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် မဲဆန္ဒနယ် အပြည့်၌လည်းကောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၌ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာတွင်လည်းကောင်း၊ ကော့ကရိတ်မြို့နယ်၌ ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာတွင်လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဖြူမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော် တစ်နေရာ၊ ဘုတ်ပြင်းမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာနှင့် မြိတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာ၊ ရန်ကုန်တိုင်းဒေသကြီး၌ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ရွှေပြည်သာ၊ ထန်းတပင်၊ သာကေတနှင့် စမ်းချောင်းမြို့နယ်များတွင် တိုင်းဒေသကြီးလွှတ်တော် တစ်နေရာစီနှင့် အမျိုးသားလွှတ်တော် တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်