
သရုပ်ဆောင် ဟွမ်ဘင်းနှင့် အဆိုတော်၊ သရုပ်ဆောင် IU တို့အပါအဝင် ကိုရီးယား အနုပညာရှင်များက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လှူဒါန်းခဲ့ကြသည်။
Crash Landing on You ဇာတ်လမ်းတွဲဖြင့် တစ်ကျော့့ပြန် အောင်မြင်မှုရရှိခဲ့သည့် ဟွမ်ဘင်းသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၆၈,၉၀၆ လှူဒါန်းခဲ့သည်ဟု ကိုရီးယားပရဟိတအဖွဲ့ Community Chest of Korea က ထုတ်ပြန်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဟွမ်ဘင်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် လူထုထံပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းငွေကြေးများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ ၎င်း၏လှူဒါန်းမှုကို လျှို့ဝှက်ပေးထားရန် ဟွမ်ဘင်းက တောင်းဆိုခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။
အဆိုတော်၊ သရုပ်ဆောင် IU ကလည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရန် အတွက် မတ် ၄ ရက်တွင် Gyeonggi ပည်နယ်၊ Yangpyeong စီရင်စုသို့ ဒေါ်လာ ၁၆,၉၀၃ လှူဒါန်းခဲ့သည်။ မိဘနှစ်ဦးသည် လတ်တလောတွင် yangpyeong စီရင်စု၌ နေထိုင်နေသောကြောင့် ယင်းစီရင်စုသို့ လှူဒါန်းခြင်း ဖြစ်သည်ဟု IU ကဆိုသည်။ ယင်းငွေကြေးများကို လက်ဆေးရည်၊ ပိုးသတ်ဆေးနှင့် နှာခေါင်းစည်းများ ဝယ်ယူရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ယင်းစီရင်စုရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ IU သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ငါးကြိမ်မြောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
အသက် ၂၆ နှစ်ရှိပြီဖြစ်သော IU သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် Good Neighbours ပရဟိတအဖွဲ့သို့ ဒေါ်လာ ၈၃,၅၇၃၊ Korea Medical Association သို့ ဒေါ်လာ ၈၃,၅၇၃၊ ဆော့ချိုခရိုင်သို့ ဒေါ်လာ ၂၅,၃၅၄၊ Gwacheon မြို့သို့ ဒေါ်လာ ၂၅,၃၅၄ လှူဒါန်းခဲ့ပြီးဖြစ်သည်။
ကိုရီးယား အမျိုးသမီးသရုပ်ဆောင် Han Hyo Joo နှင့် BIGBANG အဖွဲ့ဝင် T.O.P သည် Hope Bridge Disaster Relief Association သို့ ဒေါ်လာ ၈၄,၄၀၀ စီ လှူဒါန်းခဲ့သည်။ အဆိုတော် Gray နှင့် 2PM အဖွဲ့၏ စစ်မှုထမ်းနေသည့် အဖွဲ့ဝင် Chansung ကလည်း ယင်းပရဟိတအဖွဲ့သို့ ဝမ်သန်း ၅၀ စီ လှူဒါန်းခဲ့သည်။ သရုပ်ဆောင် Ma Dong Seok ကလည်း ဒေဂူရှိ Community Chest of Korea ရုံးခွဲသို့ ဝမ်သန်း ၁၀၀ လှူဒါန်းခဲ့သည်။ Crash Landing on You ဇာတ်လမ်းတွဲ၌ အဓိက အမျိုးသမီး ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် ဆုန်ယီဂျင်ကလည်း ပြီးခဲ့သည့် သီတင်းပတ်တွင် ဒေဂူရှိ Community Chest of Korea ရုံးခွဲသို့ ဝမ်သန်း ၁၀၀ လှူဒါန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်