
ဇာတ်ကားရိုက်ကူးရန်အတွက် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် သရုပ်ဆောင် တွမ်ဟင့်စ်က ၎င်းနှင့် ဇနီးဖြစ်သူ သရုပ်ဆောင် ရီတာဝီလ်ဆန်တို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း မတ် ၁၂ ရက် တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၆၃ နှစ်စီရှိပြီဖြစ်သော ဟင့်စ်တို့ဇနီးမောင်နှံကို သြစတြေးလျအရှေ့ဘက် Gold Coast ရှိ ဆေးရုံတစ်ခုတွင် သီးသန့်ထားရှိသည်ဟု ကွင်းစ်လန်းပြည်နယ် ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
“ကျွန်တော်နဲ့ရီတာ သြစတြေးလျမှာ။ ကျွန်တော်တို့ အားအင်ကုန်ခန်းသလို ခံစားရပြီး အေးနေတယ်။ ခန္ခကိုယ်တွေ ကိုက်ခဲနေတယ်။ ကိုရိုနာဗိုင်းရပ်စ်အတွက် စစ်ဆေးခဲ့တယ်။ ကျွန်တော်တို့မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့တယ်” ဟု တွမ်ဟင့်စ် က Instagram တွင် ရေးသားခဲ့သည်။
တွမ်ဟင့်စ်၏ သားဖြစ်သူ Chet ကလည်း မိဘနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို အတည်ပြုခဲ့သည်။
တွမ်ဟင့်စ်တို့ ဇနီးမောင်နှံသည် ကမ္ဘာတစ်ဝန်းပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထုတ်ပြန်ခဲ့သည့် ပထမဆုံးသော ဟောလိဝုဒ်ထိပ်တန်းအနုပညာရှင် ဇနီးမောင်နှံဖြစ်သည်။ တွမ်ဟင့်စ်သည် ဆီးချိုရောဂါအမျိုးအစား(၂) ဖြစ်ပွားနေကြောင်း ယခင်ကလည်း ပြောကြားခဲ့ဖူးသည်။
တွမ်ဟင့်စ်သည် သြစတြေးလျဒါရိုက်တာ Baz Luhrmann ရိုက်ကူးသည့် ပရက်စလေ၏ အတ္ထုပ္ပတ္တိဇာတ်ကားအတွက် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် တွမ်ဟင့်စ်က ပရက်စလေ၏ မန်နေဂျာ Colonel Tom Parker အဖြစ် ပါဝင်မည်ဖြစ်သည်။ တွမ်ဟင့်စ်၏ ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှုကို ရပ်နားထားသည်ဟု ၀ါနာဘရားသားစ်က ထုတ်ပြန်ခဲ့သည်။
“၀ါနာဘရားသားစ်ရဲ့အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးက ကုမ္ပဏီရဲ့ ဦးစားပေး သတ်မှတ်ချက်ဖြစ်တယ်။ ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ ထုတ်လုပ်ရေးအတွက် အလုပ်လုပ်နေတဲ့ လူတိုင်းကို ကာကွယ်ပေးဖို့ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ခဲ့တယ်” ဟု ၀ါနာဘရားသားစ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဲဗစ်ပရက်စလေအတ္ထုပ္ပတ္တိဇာတ်ကား ရိုက်ကူးမှုကို ရပ်နားထားကြောင်းနှင့် စစ်ဆေးမှုများပြုလုပ်ပြီး ၁၄ ရက်ကြာ ရောဂါခြေချုပ်ထားမည်ဖြစ်ကြောင်း၊ တွမ်ဟင့်စ်တို့ဇနီးမောင်နှံအတွက် စိတ်မကောင်းကြောင်း Gold Coast မြို့တော်ဝန် တွမ်တိတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တွမ်ဟင့်စ်သည် ၁၉၉၄ ခုနှစ် အော်စကာဆုပေးပွဲတွင် Philadelphia ဇာတ်ကားနှင့် ၁၉၉၅ ခုနှစ် အော်စကာဆုပေးပွဲတွင် Forrest Gurnp ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်