
ဂျိမ်းစ်ဘွန်းဇာတ်ကား Quantum of Solace တွင် Bond Girl အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ယူကရိန်းဖွား ပြင်သစ် သရုပ်ဆောင် Olga Kurylenko က သူသည် COVID-19 ကူးစက်ခံထားရကြောင်း Instagram တွင် ကြေညာခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် နေအိမ်ထဲတွင် နေ နေကြောင်း၊ နေမကောင်းဖြစ်နေသည်မှာ တစ်ပတ် ရှိလာပြီဖြစ်ကြောင်း၊ ကိုယ်ပူခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုသည် ၎င်း၏ အဓိကလက္ခဏာများဖြစ်ကြောင်း၊ ပရိသတ်များအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြရန်နှင့် အလေးအနက်ထားကြရန် တိုက်တွန်းကြောင်း ၎င်းက ရေးသားခဲ့သည်။
အသက် ၄၀ ရှိပြီဖြစ်သော Kurylenko သည် ၂၀၀၈ ခုနှစ်က ဂျိမ်းစ်ဘွန်းဇာတ်ကားတွင် ဘိုလစ်ဗီးယား ထောက်လှမ်းရေးအေးဂျင့် Camille Montes ဇာတ်ကောင်ဖြင့် အောင်မြင်ခဲ့သည်။
Kurylenko သည် Oblivion ဇာတ်ကားတွင် တွမ်ခရုဇ်နှင့်လည်းကောင်း၊ Johnny English Strickes Again ဇာတ်ကားတွင် ရိုဝမ်အက်ကင်ဆင်နှင့်လည်းကောင်း အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဂျိမ်းစ်ဘွန်း၏ ဇာတ်ကားသစ် No Time To Die အား ဖြန့်ချိမှုကို ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် ခုနစ်လကြာ ရွှေ့ဆိုင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်