
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကြောင့် နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့တွင် လာမည့်မေ၌ ကျင်းပရန်စီစဉ်ထားသော Eurovision 2020 အဆိုပြိုင်ပွဲအား ဖျက်သိမ်းကြောင်း ပြိုင်ပွဲစီစဉ်သူများက မတ် ၁၈ တွင် ပြောကြားခဲ့သည်။
ဥရောပတစ်ဝန်းနှင့် အခြားဒေသများမှ ကြည့်ရှုသူ သန်းပေါင်းများစွာရှိသော ထိုအဆိုပြိုင်ပွဲအား ၂၀၂၁ ခုနှစ်တွင် ကျင်းပရန် ကိစ္စနှင့်ပတ်သက်၍ ရုပ်သံထုတ်လွှင့်သည့် ကုမ္ပဏီများက ယခုအခါ ဒတ်ချ်ဆိပ်ကမ်းမြို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း ထိုစီစဉ်သူများက ပြောကြားခဲ့ကြသည်။
ယခုနှစ်ပြိုင်ပွဲအား ဆက်လက်ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သောသီတင်းပတ်များအတွင်း မိမိတို့သည် အခြားနည်းလမ်းပေါင်းများစွာကို ရှာဖွေခဲ့ကြကြောင်း ဥရောပရုပ်သံသမဂ္ဂ EBU က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် ဥရောပတစ်ဝန်း COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဆိုးရွားလာခြင်း၊ ထိုပြိုင်ပွဲ ထုတ်လွှင့်မှုများတွင် ပါဝင်သည့် အစိုးရများနှင့် ဒတ်ချ်အာဏာပိုင်များက ကန့်သတ်မှုများ ထုတ်ပြန်ခြင်းတို့ကြောင့် မရေရာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထိုပြိုင်ပွဲအား စီစဉ်ထားသည့်အတိုင်း ကျင်းပရန် မဖြစ်နိုင်တော့သောကြောင့် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရသည်ဟု EBU က ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲနှင့် ဗြိတိန်၏ Glastonbury ဂီတဖျော်ဖြေပွဲတို့အပါအဝင် ထင်ရှားသည့် ယဉ်ကျေးမှုနှင့် အားကစားပွဲများအား ဖျက်သိမ်းခဲ့ရပြီး Eurovision 2020ပြိုင်ပွဲက နောက်ဆုံးဖျက်သိမ်းရသည့် ပြိုင်ပွဲဖြစ်လာခဲ့သည်။
ပြီးခဲ့သောနှစ်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ ကျင်းပခဲ့သော ပြိုင်ပွဲတွင် ဒတ်ချ် အဆိုတော် ဒန်ကန်လောရင့်က အနိုင်ရခဲ့ပြီး ရော့တာဒမ်အား ၂၀၂၀ ပြိုင်ပွဲအိမ်ရှင်အဖြစ် ပြီးခဲ့သောနှစ် သြဂုတ်တွင် သတ်မှတ်ခံရပြီးနောက် နယ်သာလန်သည် ယခုနှစ် Eurovision ပြိုင်ပွဲ ကျင်းပခွင့်ရရှိခဲ့သည်။
မေ ၁၆ တွင် ရော့တာဒမ်မြို့၏ Ahoy အားကစားကွင်း၌ ကျင်းပမည့် ဗိုလ်လုပွဲအပါအဝင် မတူညီသော ပြိုင်ဆိုင်မှုကိုးမျိုး ပါဝင်သည့် ထိုအဆိုပြိုင်ပွဲသို့ လူစုစုပေါင်း ၆၅၀၀၀ ခန့် တက်ရောက်မည်ဟု မျှော်လင့်ထားကြ သည်။ ၂၀၂၁ ခုနှစ်တွင် ထိုပြိုင်ပွဲအား ကျင်းပ နိုင်ရေးနှင့်ပတ်သက်၍ ရော့တာဒမ်အာဏာပိုင်များနှင့် မိမိတို့က ဆွေးနွေးနေကြကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောကြားခဲ့ကြသည်။
ပြီးခဲ့သောပြိုင်ပွဲသက်တမ်း ၆၄ နှစ်အတွင်း မည်သည့်အနှောင့်အယှက်မျှ မရှိဘဲ ပရိသတ်များအား နှစ်စဉ်ညီညွတ်စေခဲ့သည့် Eurovision ပြိုင်ပွဲအတွက် မိမိတို့က အလွန်အမင်း ဂုဏ်ယူမိကြောင်း၊ ကမ္ဘာတစ်ဝန်းမှ ပရိသတ်သန်းပေါင်းများစွာကဲ့သို့ပင် မိမိတို့သည်လည်း လာမည့်မေတွင် ထိုပြိုင်ပွဲအား ကျင်းပနိုင်မည်မဟုတ်သဖြင့် အလွန်ဝမ်းနည်းမိကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။
COVID – 19 ကူးစက်ပျံ့နှံ့မှု ဗဟိုချက်သစ်ဖြစ်လာသော ဥရောပတွင် မတ် ၁၉ အထိ သေဆုံးမှု ၄၀၀၀ ကျော် ရှိလာခဲ့ပြီး အာရှတွင် သေဆုံးမှုထက် ကျော်လွန်သွားခဲ့သည်။ နယ်သာလန်တွင် ထိုဗိုင်းရပ်စ်ကူးစက်မှု ၂၀၀၀ ကျော်နှင့် သေဆုံးသူ ၆၀ နီးပါးရှိကြောင်း ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်