
အက်ရှင်ဇာတ်ကားများထဲက မင်းသမီးချောလေးအဖြစ် ပရိသတ် စတင်လက်ခံအားပေးခဲ့ပြီးနောက် “သရာစောထိ” ဇာတ်ကားထဲမှာတော့ ချစ်စဖွယ်အမူအရာလေးများနဲ့ ပရိသတ်အားပေးမှုများစွာကိုရရှိခဲ့သူက သရုပ်ဆောင်ယဉ်လတ်ဖြစ်ပါတယ်။ မကြာခင်ကထုတ်လွှင့်ပြသထားတဲ့ “တစစ်တမက်ကိုယ်နှင့်သက်ကို” ဇာတ်လမ်းတွဲမှာလည်း သူနာပြုဆရာမလေးတစ်ဦးအဖြစ် အမူအရာပီပြင်ခဲ့သလို လောကကြိုးဝိုင်းအတွဲ ၂ ဇာတ်လမ်းတွဲမှာလည်း မြန်မာ့လက်ဝှေ့ကို ကျွမ်းကျင်စွာ ထိုးသတ်ကစားနိုင်သူအဖြစ် ပါဝင်ထားသူပါ။ ချစ်စဖွယ်အပြုံးချိုချိုများနဲ့ ပရိသတ်များကိုဖမ်းစားထားနိုင်သလို မြန်မာမိန်းကလေးတစ်ဦးဆိုပေမယ့် အခြေခံကိုယ်ခံပညာစွမ်းရည်မှာလည်း ထူးချွန်ပြောင်မြောက်သူတစ်ဦးပါ။ အခုတစ်ပတ်မှာတော့ သရုပ်ဆောင်ယဉ်လတ်ပြောပြခဲ့တဲ့ ငယ်ငယ်ကအမှတ်တရတချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။
သရုပ်ဆောင်ယဉ်လတ်ကိုမိဘများဖြစ်တဲ့ ဦးသန်းအောင်နဲ့ ဒေါ်လှလှဆွေတို့က မတ် ၁၂ ရက် ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်းညီမတစ်ယောက်ရှိတယ် လို့ဆိုပါတယ်။ ငယ်စဉ်ကတည်းက ပန်းချီဆွဲရတာ ၀ါသနာပါတယ်လို့လည်း ဆိုပါတယ်။
ငယ်စဉ်ဘဝရဲ့အမှတ်တရတစ်ခုအနေနဲ့ “ငယ်ငယ်က ပန်းချီဆွဲအရမ်းဝါသနာပါတယ်။ ခဲတံကိုင်တတ်ခါစအရွယ်မှာ တစ်ယောက်တည်း ပုံဆွဲနေရင်းက ထငိုလို့ ဖေဖေတို့ကမေးတော့ သမီးနန္ဒာလှိုင်ပုံဆွဲတာ မိုးဒီပုံကြီးဖြစ်သွားလို့ဆိုပြီး ဖြေတယ်တဲ့။ ယဉ်လတ်ဆွဲထားတာက ဝလုံးပုံစံကြီးပေါ့နော်။ အဲဒါလေးကတော့ ရယ်စရာအမှတ်တရလေးပါ” လို့ ယဉ်လတ်က ပြောပြခဲ့ပါတယ်။
ငယ်စဉ်မှာ လူအရမ်းကြောက်တတ်သလို ခဲတံနဲ့ပုံဆွဲနေတာများသလို စကားလည်း အရမ်းနည်းတယ်လို့ ဆိုခဲ့ပါတယ်။ အခုချိန်ထိတောင် လူကြောက်တတ်တဲ့စိတ်က ရှိနေပါသေးတယ်လို့ ယဉ်လတ်က ပြောပြခဲ့ပါတယ်။ အနုပညာဝါသနာပါသူ ယဉ်လတ်က ငယ်စဉ်ကလေးဘဝမှာ ကြော်ငြာတွေအရမ်းကြိုက်သလို ထမင်းခွံ့တဲ့အချိန်တိုင်း ကြော်ငြာတွေစုထည့်ထားတဲ့အခွေကိုပြပြီး ခွံ့ရတယ်လို့လည်း ရယ်မောရင်းပြောပြခဲ့ပါတယ်။ သရုပ်ဆောင်ယဉ်လတ်က ကျောင်းပညာရေးအနေနဲ့ သူငယ်တန်းကနေ တတိယတန်းအထိကို အ.မ.က(၁၈)တာမွေ မှာ တက်ခဲ့သလို စတုတ္ထတန်းမှာ အ.မ.က (၆) ကျောက် တံတားကိုပြောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ပဥ္စမတန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က(၁) ကျောက်တံတားမှာ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ ပန်းချီဝါသနာပါသူပီပီ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ပန်းချီမေဂျာကို တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ပညာသင်ကြားနေဆဲ ကာလမှာပဲ အနုပညာလမ်းကြောင်းပေါ် စတင်ရောက်ရှိခဲ့တဲ့အတွက် ကျောင်းတက်ချိန်မပြည့်မီတာကြောင့် အဝေးသင်အင်္ဂလိပ်စာကို ပြောင်းရွှေ့တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ယဉ်လတ်က ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူရဲ့ လမ်းညွှန်မှုနဲ့အတူ သင်တန်းများစွာကို တက်ရောက်ခဲ့ရပါတယ်။ ရေကူး၊ တိုက်ကွမ်ဒို၊ မြင်းစီးအားကစားနည်းတွေအပြင် မိဘများက ဗီဒီယိုဖြန့်ချိရေး လုပ်ကိုင်တာကြောင့် ဗီဒီယိုဇာတ်ကားတည်းဖြတ်တဲ့ လုပ်ငန်းတွေကိုလည်း ကလေးဘဝကတည်းက လေ့လာစေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ တိုက်ကွမ်ဒိုအားကစားကို တိုင်းနဲ့ပြည်နယ်အဆင့်ဆင့် ယှဉ်ပြိုင်ရာမှာ အဖွဲ့လိုက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သလို တစ်ဦးချင်းအနေနဲ့လည်း ဆုတွေရရှိခဲ့ဖူးပါ တယ်လို့ပြောပြခဲ့ပါတယ်။ သရုပ်ဆောင်ယဉ်လတ်ရဲ့ အနုပညာခြေလှမ်းအစအနေနဲ့ တတ်မြောက်ထားတဲ့ တိုက်ကွမ်ဒိုအားကစားနည်းကို အခြေခံပြီး အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေစင်ဦးဗီဒီယိုထုတ်လုပ်ရေးနဲ့ မျက်ခြယ်ဗီဒီယိုထုတ်လုပ်ရေးတွေနဲ့လက်တွဲပြီး ဇာတ်ကားတွေရိုက်ကူးခဲ့ရာမှာ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာလည်း ကြုံတွေ့ခဲ့ရဖူးတယ်လို့ ယဉ်လတ်ကဆိုခဲ့ပါတယ်။
အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်လက်ခံအားပေးမှုရရှိထားတဲ့ ယဉ်လတ်အတွက် နောက်ထပ်အချိုးအကွေ့တစ်ခုအနေနဲ့ “သရာစောထိ” ဇာတ်ကားမှာ နော်ပဲလှော်ဇာတ်ရုပ်ကို ပါဝင်စေခဲ့ပါတယ်။ ရိုးရှင်းတဲ့ တိုင်းရင်းသူတစ်ယောက်အနေနဲ့ ပါဝင်ခဲ့သလို ချစ်စဖွယ် အပြုံးပိုင်ရှင်လေးတစ်ဦးအနေနဲ့ ပရိသတ်ချစ်ခင်သတိထားမှုကို အများကြီးရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ သရုပ်ဆောင်ယဉ်လတ်ရဲ့ အနုပညာလှုပ်ရှားမှုများစွာကို ဆက်တိုက်တွေ့မြင်လာခဲ့ရပါတယ်။ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ မတူကွဲပြားတဲ့ ဇာတ်ရုပ်များနဲ့ တွေ့မြင်လာခဲ့ရပြီး ချစ်စဖွယ်ဟန်ပန်လေးများကြောင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင်ယဉ်လတ်က COVID- 19 ရောဂါကာကွယ်ရေးအတွက် အနုပညာလုပ်ငန်းတွေရပ်နားထားပြီး Home Stay အနေနဲ့အိမ်မှာသာ အချိန်ကုန်ဆုံး ဖြတ်သန်းနေတာဖြစ်ပါတယ်။ ပရိသတ်များအတွက် ကျန်းမာချမ်းသာပြီးဘေးကင်းစေဖို့ နှစ်သစ်ဆုမွန်ကောင်းစကားတွေလည်း သရုပ်ဆောင်ယဉ်လတ်က ပြောကြားပေးထားပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်