
ကနေဒါ ပေါ့အဆိုတော် ဂျက်စတင်ဘီဘာသည် ၎င်း၏မျက်နှာတစ်ခြမ်းကို အကြောသေသွားစေနိုင်သည့် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ရောဂါဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်သက်သာလာသည့် အစောပိုင်းလက္ခဏာရပ်များကို မြင်တွေ့ရကြောင်း မျက်နှာတစ်ခြမ်းလေဖြတ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သည့် ခွဲစိတ်ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
ဘီဘာက ၎င်းသည် Ramsay Hunt ရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး ယင်းရောဂါသည် ၎င်း၏နားနှင့်မျက်နှာရှိ အာရုံကြောများအပေါ် သက်ရောက်မှုရှိသည်ဟု Instagram တွင် ဇွန် ၁၀ ရက်က တင်ထားသည့် ဗီဒီယို၌ ပြောကြားခဲ့သည်။ ၎င်း၏ညာဘက်မျက်လုံးသည် မျက်တောင်ခတ်ခြင်းမရှိဟု မှတ်ချက်ပြုခဲ့သည်။
ယင်းနောက်ပိုင်းတွင် Instagram Story တစ်ခု၌ တင်ထားသောပို့စ်တစ်ခု၌ ဘီဘာက သူသည် အစားစားရန်အတွက် အလွန်ခက်ခဲနေပြီး အလွန်အဆင်မပြေဖြစ်နေသည့်အကြောင်း ဖော်ပြထားသည်။
ယင်းရောဂါခံစားနေရသည့် လူနာ ၇၅ ရာခိုင်နှုန်းခန့်သည် steroids နှင့် ဗိုင်းရပ်စ်သတ်ဆေးများအပါအဝင် အစောပိုင်းကုသမှု ခံယူလျှင် အပြည့်အဝပြန်လည်သက်သာသွားကြောင်း ဗြိတိန်ရှိ အတိုင်ပင်ခံရုပ်ပြင်ခွဲစိတ် ဆရာဝန်နှင့် မျက်နှာလေတစ်ခြမ်းဖြတ်သည့် ကျန်းမာရေးပရဟိတအဖွဲ့တွဲဘက်တည်ထောင်သူ ဒေါက်တာချားလိစ်ဒူကာက ပြောကြားခဲ့သည်။
“မစ္စတာဘီဘာ မျှဝေထားတဲ့ ဗီဒီယိုထဲမှာ ကျွန်တော်မြင်ရသလောက် ပြန်လည်သက်သာသွားမယ့် အထောက်အထားအချို့တွေ့ရတာကတော့ အားတက်စရာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
“မျက်နှာတစ်ခြမ်း အကြောသေတဲ့ဖြစ်စဉ်မှာ အဓိကအထင်ရှားဆုံးအရာတွေထဲက တစ်ခုကတော့ သူတို့ရဲ့မျက်လုံးကိုအပြည့်အဝ မခတ်နိုင်တာနဲ့ မပြုံးနိုင်တာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
“ဘီဘာမျှဝေထားတဲ့ ဗီဒီယိုထဲမှာတော့ သူ့ဆီမှာ အစောပိုင်းပြန်လည်သက်သာလာတဲ့ လက္ခဏာအချို့ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အသက် ၂၈ နှစ်အရွယ် ဘီဘာက ၎င်း၏ လာမည့်ဖျော်ဖြေပွဲများတွင် ရုပ်ပိုင်းဆိုင်ရာ ဖျော်ဖြေနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဒေါက်တာဒူကာက ယင်းလူနာများအနေဖြင့် အလုပ်ပြန်မလုပ်မီ ကိုယ်ခံအားစနစ်အားနည်းမှုနှင့် သက်ဆိုင်သည့်ပြဿနာများကို ပထမဆုံးဖြေရှင်းရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်