
Netflix ၏ လူကြည့်အများဆုံးရုပ်သံ စီးရီးဖြစ်ခဲ့သည့် Squid Game ကို စိတ်ကူးယဉ် တီဗွီဇာတ်လမ်းတွဲတစ်ခုအဖြစ်သာ မဟုတ်တော့ဘဲ ပြင်ပကမ္ဘာတွင်ပါ ပြိုင်ပွဲတစ်ရပ်အနေဖြင့် Netflix ကစီစဉ်ရိုက်ကူးတော့မည်ဖြစ်သည်။
Squid Game : The Challenge အမည်ဖြင့်ပြုလုပ်မည့် အဆိုပါ reality show အစီအစဉ်အတွက် Netflix က ပြိုင်ပွဲဝင်များ စုဆောင်းလျက်ရှိပြီး အပိုင်း ၁၀ ပိုင်းပါဝင်မည်ဟု သိရသည်။
သို့သော် နဂိုတောင်ကိုရီးယားဇာတ်လမ်းတွဲကဲ့သို့ အသက်ကိုရင်းပြီး ယှဉ်ပြိုင်ရမည်မဟုတ်ဘဲ အဆိုးဆုံးအခြေအနေက ဆုကြေးအမေရိကန်ဒေါ်လာ ၄ ဒသမ ၅၆ သန်း ကိုလက်လွှတ်ပြီး လက်ဗလာဖြင့် အိမ်ပြန်ရရုံ အဆင့်သာဖြစ်သည်။
Reality Show သမိုင်းတွင် ဆုကြေးငွေ အများဆုံးပေးအပ်ခြင်းဖြစ်သည့်အတွက် အကြီးကျယ်ဆုံး reality ပြိုင်ပွဲတစ်ခုဟုလည်း Netflix က ဇွန် ၁၄ ရက်တွင် ကြေညာထားသည်။ ပြိုင်ပွဲဝင်များသည် မူရင်းဇာတ်လမ်း တွဲကို အခြေခံထားသည့် ဂိမ်းကစားနည်းများအပြင် ဂိမ်းအသစ်အဆန်းများလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်များသည် အနည်းဆုံးအသက် ၂၁ နှစ်ရှိသူဖြစ်ကာ အင်္ဂလိပ်စကားပြောဆိုတတ်သူဖြစ်ရန်လိုအပ်ပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရိုက်ကူးမှုများပြုလုပ်ရန် သီတင်းပတ်လေးပတ်အချိန်ပေးနိုင်သူဖြစ်ရမည်။
ပြိုင်ပွဲရိုက်ကူးမှုကို ဗြိတိန်တွင်ပြုလုပ်မည်ဖြစ်ကာ ပြိုင်ပွဲဝင်အရေအတွက်မှာလည်း ဇာတ်လမ်းတွဲအတိုင်းပင် ၄၅၆ ဦး သတ်မှတ်ထားသည်။
ကမ္ဘာကျော်ခဲ့သည့် Squid Game ရုပ်သံဇာတ်လမ်းတွဲကို Season 2 ရိုက်ကူးမည် ဟုလည်း Netflix က ယခုလအစောပိုင်းတွင် အတည်ပြုထားသည်။ဆုငွေကိုရီးယားဝမ် ၄၅ ဒသမ ၆ ဘီလျံကိုတပ်မက်ပြီး ရှုံးသည်နှင့် အသတ်ခံရမည်ကိုမသိဘဲ အလွန်ဆိုးရွားသည့်ဂိမ်းပွဲတစ်ခုကို ဝင်ပြိုင်ကြသူများအကြောင်း ရိုက်ကူးထားသည့် ၎င်းဇာတ်လမ်းတွဲ ကို မနှစ်ကစက်တင်ဘာတွင် Netflix မှပြသခဲ့ပြီး ထုတ်လွှင့်ပြီးနောက် ၂၈ ရက်အတွင်း ကြည့်ရှုသူ ၁၁၁ သန်းအထိရှိခဲ့ကာ Netflix ၏ လူကြိုက်အများဆုံးဇာတ်လမ်းတွဲဖြစ်ခဲ့သည်။ သို့သော် ရက်စက်ကြမ်းကြုတ်သည့် သွေးထွက်သံယိုပြကွက်များပါသည့်အတွက် အသက် ၁၅ နှစ်အောက်ကလေးများ မကြည့်သင့်သည့် ဇာတ်လမ်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်