
ရုပ်ရှင်ဒါရိုက်တာ ပေါလ်ဟက်ဂစ်သည် အီတလီနိုင်ငံတောင်ပိုင်းတွင် အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲချက်များကြောင့် စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဒေသခံအစိုးရရှေ့နေများ၏ ပြောကြားချက်များကို အီတလီမီဒီယာတွင် ဖော်ပြထားသည်။
ကနေဒါနိုင်ငံဖွား အော်စကာဆုရ အသက် ၆၉ နှစ်အရွယ် ဟက်ဂစ်သည် အိုစတန်နီမြို့တွင် ဇွန် ၁၄ ရက်မှစ၍ ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်တစ်ခုအတွက် အီတလီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ငယ်ရွယ်သော ပြည်ပနိုင်ငံသူတစ်ဦးက ၎င်းသည် နှစ်ရက်ကျော်အတွင်း မိမိသဘောဆန္ဒမပါဝင်ဘဲ လိင်ပိုင်းဆိုင်ရာဆက်ယှက်မှု အတင်းအကျပ်စေခိုင်းခံရသည်ဟူသည့် စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးနေသည်ဟု အနီးအနားရှိ ဘရင်ဒီဇီမြို့မှ အစိုးရရှေ့နေ များ၏ လက်ရေးဖြင့်ထုတ်ပြန်ချက်ကို LaPresse သတင်းနှင့် အခြားအီတလီသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။
နှစ်ရက်ကျော်ကြာ သဘောဆန္ဒမပါဝင်ဘဲ လိင်ပိုင်းဆိုင်ရာ ဆက်ယှက်မှုပြီးနောက် အမျိုးသားသည် ဇွန် ၁၉ ရက်တွင် ထိုအမျိုးသမီးအား ဘရင်ဒီဇီလေဆိပ်တွင် ချန်ထားရစ်ခဲ့ပြီး လေဆိပ်ဝန်ထမ်းနှင့်ရဲတစ်ဦးက ထိုအမျိုးသမီး၏ အခြေအနေကို သတိထားမိခဲ့ပြီးနောက် ကနဦးကုသမှုများပြုလုပ်ပေးခဲ့ပြီး ဘရင်ဒီဇီရဲဌာနချုပ်သို့ ပို့ဆောင်ကာ ဒေသတွင်း ဆေးရုံတွင် ဆေးဘက်ဆိုင်ရာစစ်ဆေးမှု လုပ်ဆောင်စေခဲ့သည်။
ရဲတပ်ဖွဲ့က ဟက်ဂစ်ကို ရဲစခန်း သို့မဟုတ် ဟိုတယ် သို့မဟုတ် အခြားနေရာတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိ၊ မရှိအပါအဝင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍အသေးစိတ် ထုတ်ပြန်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်