
ဥရောပ၏ အကြီးကျယ်ဆုံးသီချင်းဆို ပြိုင်ပွဲကြီးဖြစ်သည့် Eurovision ကို လာမည့် ၂၀၂၃ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား လက်ခံကျင်းပခွင့်ပေးသင့်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ထောက်ခံပြောကြားထားသည်။
ယူကရိန်းမြို့တော်ကိဗ်မှ ပြန်ရောက်လာပြီးသည့်နောက် မစ္စတာဂျွန်ဆင်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ယူကရိန်းနိုင်ငံသည် ယခုနှစ်ပြိုင်ပွဲတွင် မျှတစွာ အနိုင်ရခဲ့သည့်အတွက် နောက်နှစ်ပြိုင်ပွဲကို ကျင်းပခွင့်ပေးသင့်ကြောင်း၊ အချိန်တစ်နှစ်လိုသေးသည့်အတွက် ပြိုင်ပွဲကျင်းပမည့်အချိန် ရောက်လာလျှင် အဆင်ပြေသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
မေတွင်ကျင်းပခဲ့သည့် Eurovision သီချင်းဆိုပြိုင်ပွဲတွင် ယူကရိန်းနိုင်ငံကိုယ်စားပြု Kalush Orchestra အဖွဲ့က ၆၃၁ မှတ်ဖြင့် ပထမရခဲ့သည်။ အီတလီနိုင်ငံ တူရင်မြို့တွင် ကျင်းပသည့် ယခုနှစ်ပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံကိုယ်စားပြု ဆမ်ရိုင်ဒါက ဒုတိယရပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ဗြိတိန်အတွက် အကောင်းဆုံးရလဒ်လည်းဖြစ်သည်။
ထုံးစံအရ Winner နိုင်ငံဖြစ်သည့် ယူကရိန်းက ၂၀၂၃ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပရမည်ဖြစ်သော်လည်း ပွဲစီစဉ်သူများက ယူကရိန်းတွင်ကျင်းပပါက အန္တရာယ်များလွန်းသည်ဟု ယူဆသည့်အတွက် ဒုတိယဆုရသည့် ဗြိတိန်နိုင်ငံကို ကိုယ်စားကျင်းပခွင့်ပေးရန် ဆုံးဖြတ်ထားကြသည်။
ဖြစ်နိုင်ခြေအားလုံးကို လေ့လာလိုက်သည့်အခါ ၂၀၂၃ ပြိုင်ပွဲကို ယူကရိန်းတွင် ကျင်းပရန်မဖြစ်နိုင်ဆိုသည့် ဆုံးဖြတ်ချက်ကို ချလိုက်ရကြောင်း ပွဲစီစဉ်သူ ဥရောပရုပ်သံသမဂ္ဂ (EBU) က ဇွန် ၁၇ ရက်တွင် ကြေညာထားပြီး ယူကရိန်းဘက်ကမူ ထိုဆုံးဖြတ်ချက်ကို လက်မခံချင်ဖြစ်နေပြီး ရုရှား၏ကျူးကျော်စစ်နှင့် ရင်ဆိုင်နေရသော်လည်း ပြိုင်ပွဲလုံခြုံရေးကို အာမခံပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း အကြောင်းပြန်ထားသည်။
၂၀၂၃ ပြိုင်ပွဲကို ယူကရိန်းကကျင်းပခွင့်ရလျှင် ယူကရိန်းကို တစ်ကမ္ဘာလုံးက ထောက်ခံကြောင်း ပြသခြင်းဖြစ်သည်ဟုလည်း ယူကရိန်းဘက်က ပြောသည်။
ဗြိတိန်သည် Eurovision ပြိုင်ပွဲကို ရှစ်ကြိမ်တိုင် ကျင်းပခွင့်ရခဲ့ပြီး လေးကြိမ်က အခြားနိုင်ငံများကိုယ်စား ကျင်းပခွင့်လွှဲယူခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်