
သိပ္ပံနည်းဖြင့် တွက်ချက်လေ့လာလိုက်သည့်အခါ ရုပ်ရှင်မင်းသမီးအမ်ဘာဟတ်၏ မျက်နှာက အပြစ်ဆိုစရာမရှိလုနီးပါး လှသည်ကို ဗြိတိန်အခြေစိုက် ပလတ်စတစ်ဆာဂျရီ ဆရာဝန်တစ်ဦး၏ လေ့လာမှုကတွေ့ရှိ ထားသည်။
အမ်ဘာဟတ်သည် ခင်ပွန်းဟောင်း ရုပ်ရှင်မင်းသားဂျွန်နီဒပ်နှင့် အသရေဖျက်မှုဆိုင်ရာ အပြန်အလှန်တရားစွဲဆိုထားသည့် အမှုကိုရှုံးနိမ့်ထားသူဖြစ်သည်။ ထိုအမှုသည် အတော်လည်း ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
သိပ္ပံနည်းဖြင့်တိုင်းတာမှုများအရ မင်းသမီးအမ်ဘာဟတ်၏မျက်နှာတည်ဆောက်ပုံသည် ခြောက်ပြစ်ကင်းဖြစ်လုနီးနီး လှပသည်ဟု ဗြိတိန်ပလတ်စတစ်ဆာဂျရီဆရာဝန် ဂျူလီယန် ဒီဆီလ်ဗာ၏ လေ့လာမှုတွင်တွေ့ ရပြီး အမ်ဘာဟတ်၏မျက်လုံး၊ နှုတ်ခမ်းအပါအဝင် မျက်နှာပေါ်ရှိ နေရာ ၁၂ ရာကို တိုင်းတာပြီးမှ ထိုသို့ကောက်ချက်ချခြင်းဖြစ်သည်။
ဒေါက်တာဂျူလီယန်က မျက်နှာတိုင်းသည့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး လေ့လာခဲ့ရာ အမ်ဘာဟတ်၏မျက်နှာသည် ၉၁ ဒသမ ၈၅ ရာခိုင်နှုန်းအထိ ပြည့်စုံနေသည်။ အလှအပကိုတိုင်းတာသည့် Golden Ratio နည်းဖြင့် ၂၀၁၆ ခုနှစ်က ကော်ဇောနီ လျှောက်လမ်းထက်မှ အမ်ဘာဟတ်ပုံကို တိုင်းတာခဲ့ခြင်းလည်းဖြစ်သည်။
အမှုရှုံးသွားပြီးနောက် ရက်ပိုင်းအကြာတွင် အမ်ဘာသည် ဆော်ဒီအမျိုးသားတစ်ဦး၏ လက်ထပ်ခွင့်တောင်းဆိုခံခဲ့ရသေးသည်။ ၎င်းအမျိုးသားက အမ်ဘာကို အင်စတာဂရမ်တွင် အသံဖိုင်တစ်ခုပေးပို့ခဲ့ပြီး အသံဖိုင်ထဲတွင် “အမ်ဘာ သင့်အတွက် တံခါးအားလုံးက ပိတ်ထားနေမှတော့ ငါကလွဲပြီး သင့်ကိုစောင့်ရှောက်မယ့်သူမရှိတော့ဘူး။ ငါက အဲဒီလူကြီးထက်သာပါတယ်” ဟု ပြောဆိုထားသည်။
ထိုနည်းပညာဖြင့်ပင် တိုင်းတာရာ ရုပ်သံစတားကင်ကာဒါရှီယန်က အလှဆုံးမျက်ခုံးပိုင်ရှင်၊ ဟောလိဝုဒ်မင်းသမီး စကားလတ် ဂျိုဟန်ဆန်က အလှဆုံးမျက်လုံးပိုင်ရှင်၊ မော်ဒယ်သရုပ်ဆောင် အမ်မလီရာတာ ကော်စကီက အလှဆုံးနှုတ်ခမ်းပိုင်ရှင်ဟု ဒေါက်တာဂျူလီယန်က ဆိုသည်။
အမျိုးသားထဲတွင်မူ မင်းသားရောဘတ်ပတ်တင်ဆန်က ရမှတ် ၉၂ ဒသမ ၁၅ ရာခိုင် နှုန်းဖြင့် ကမ္ဘာပေါ်တွင် ကြည့်အကောင်းဆုံး အမျိုးသားအဖြစ် တွေ့ရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်