
Paramount ရုပ်ရှင်ထုတ်လုပ်ရေး၏ Top Gun: Maverick ရုပ်ရှင်သည် box office တွင် ဆက်လက်အရှိန်မြင့်တက်နေပြီး ယခုသီတင်းပတ်ကုန်တွင် ဒေါ်လာတစ်ဘီလျံကို ကျော်လွန်သွားခဲ့သည်ဟု သိရသည်။
လက်မှတ်ရောင်းချမှုများနှင့်အတူ ယင်းရုပ်ရှင်သည် ကမ္ဘာတစ်ဝန်းတစ်နှစ်တာ ဝင်ငွေအမြင့်ဆုံးရရှိသည့် ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရသည့် Disney ၏ Marvel စွန့်စားခန်းရုပ်ရှင် Doctor Strange In The Multiverse (ဒေါ်လာ ၉၄၃ သန်း)၏ဝင်ငွေကို ကျော်လွန်သွားခဲ့သည်။
ယခုသီတင်းပတ်ကုန် အစောပိုင်းတွင် မင်းသားတွမ်ခရုစ်၏ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့သည့် အက်ရှင်ဇာတ်ကား Top Gun ၏ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာသည့် Top Gun:Maverick သည် လက်ရှိ၌ မြောက်အမေရိက box office တွင် အမြတ်ငွေဒေါ်လာ ၅၂၁ သန်းနှင့်အတူ တစ်နှစ်တာဝင်ငွေအမြင့်ဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပြီး ဖြစ်သည်။
နိုင်ငံတကာ box office တွင် ဝင်ငွေဒေါ်လာ ၄၈၄.၇ သန်းရရှိမှုနှင့်အတူ Maverick ရုပ်ရှင်သည် ကမ္ဘာတစ်ဝန်း ဝင်ငွေဒေါ်လာ ၁.၀၀၆ ဘီလျံအထိ ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်