
၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်၍ဖြစ်ပေါ်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးရန် အကြောင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
စက်တင်ဘာ ၆ ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ ရုရှားနိုင်ငံ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms.Kukushkina Tatiana ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ပေါ်မှာ မူတည်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဆူပူအကြမ်းဖက်တဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မှာ ဖြစ်လာတဲ့ အကြမ်းဖက်မှုလုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ဆွေးနွေးစရာအကြောင်းမရှိဘူး။ သူတို့ကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မှာ မူတည်ပြီးဖြစ်လာတယ်။ ရွေးကောက်ပွဲဟာလည်း မဲမသမာမှုကြောင့် ဖြစ်လာတဲ့ဟာကို တရားဥပဒေနည်းလမ်းအရ ဖြေရှင်းဖို့အတွက် ကျွန်တော်တို့တောင်းဆိုတဲ့အချိန်မှာ တရားဥပဒေနည်းလမ်းအရ မဖြေရှင်းဘဲနဲ့ ဒီဆူပူအကြမ်းဖက်မှုနဲ့ပြီးတော့ ဒီလမ်းကြောင်းပေါ်မှာသွားတဲ့ အဖွဲ့အစည်းတွေဆိုတော့ ဒါတော့ဥပဒေအရ ကျွန်တော်တို့သွားရမယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် ၁၀ ဖွဲ့ရှိပြီး လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ရှိကြောင်း၊ လက်ရှိတွင် NCA လက်မှတ်ရေးထိုးပြီးသား ၁၀ ဖွဲ့နှင့် ဆွေးနွေးနေသလို လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများတွင်လည်း ဆွေးနွေးရန် ကျန်သေးသည့် အဖွဲ့များရှိသေးသည့်အတွက် ဖိတ်ခေါ်ထားကြောင်း၊ ထိုသို့ဖိတ်ခေါ်မှုအပေါ် ၎င်းတို့၏ နိုင်ငံရေးမျှော်မှန်းချက်များနှင့် လာရောက်ဆွေးနွေးမည်ဆိုပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
“ကျွန်တော့်မှာ နိုင်ငံရေးရည်မှန်းချက် နှစ်ချက်ပေးထားပါတယ်။ တစ်ခုကတော့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ကျွန်တော့်နိုင်ငံက မလွဲမသွေလျှောက်လှမ်းရမယ်။ ဒုတိယကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ကျွန်တော်တို့ ပေးထားတယ်။ ဒါကလူတိုင်းလိုချင်တဲ့ သဘောအယူအဆတောင်းဆိုချက်ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ပပျောက်လိမ့်မယ်လို့ ပြောခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
လက်နက်ကိုင်ပဋိပက္ခများ မည်သည့်အချိန်တွင် ချုပ်ငြိမ်းမည်ကိုမူ ခန့်မှန်းရန်ခက်ကြောင်း၊ လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဖိတ်ခေါ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့အစည်းများနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“သူတို့နဲ့ ကျွန်တော် အခုတွေ့ဆုံတာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေရနေပါပြီ။ အဲဒီကနေပြီးတော့ သူတို့ ဘာကိုဖြစ်ချင်တာလဲ။ တိုင်းပြည်ဘာဖြစ်သင့်သလဲ။ ဒီလိုမျိုးညှိနှိုင်းပြီးတော့ဖြစ်နိုင်တာ ဘာရှိမလဲဆိုတာကို ကျွန်တော်တို့ အဖြေရှာမှာ ဖြစ်ပါတယ်။ အဲဒီအဖြေရှာပြီးတဲ့အချိန်မှာတော့ ဒီခုနပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲကနေ နယ်မြေတွေကနေ လမ်းကြောင်းတွေကနေ ထောက်ပံ့ပေးနေတဲ့ဟာတွေဟာ ရပ်တန့်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်