
လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာပြီးနောက်ပိုင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံရခြင်းကြောင့် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းမြင့်တက်မှုများ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် သြဂုတ်လဆန်းပိုင်းကတည်းက အကြိမ်ကြိမ်ကြိုးစားခဲ့ရပြီးနောက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) သည် ပလက်ဝမြို့နယ်သို့ အရေးပေါ်စားနပ်ရိက္ခာအကူအညီများ လုံခြုံရေးအခြေအနေများ ဆိုးရွားနေသည့်ကြားမှ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာပြီးသည့်နောက်ပိုင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံရခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းမြင့်တက်မှုများကို ရင်ဆိုင်နေကြရကြောင်း WFP က ဆိုသည်။
WFP သည် ပလက်ဝမြို့နယ်သို့ ၁၅၀ မက်ထရစ်တန်ချိန်ရှိသည့် စားနပ်ရိက္ခာမျိုးစုံကို ပို့ဆောင်နိုင်ခဲ့ပြီး လာမည့်ရက်များတွင်လည်း ထပ်တိုးပေးပို့ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပလက်ဝမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာလာရသူများနှင့် ပဋိပက္ခဒဏ်ခံစားနေရသူများ ၉၀၀၀ ခန့်ထံ အဆိုပါကယ်ဆယ်ရေးနှင့် အာဟာရအထောက်အပံ့များ စတင်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဆွေးနွေးညှိုနှိုင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
WFP သည် မြန်မာနိုင်ငံ၏အခြားသော နေရာဒေသများတွင်လည်း နေရပ်စွန့်ခွာရွေ့ပြောင်းနေရသူများနှင့် အခြားထိခိုက်ခံရသူများအတွက် အသက်ကယ်အကူအညီများကို သွားရောက်ကူညီခွင့်ရရှိသည်နှင့်အမျှ ပေးအပ်လျက်ရှိကြောင်း WFP က ဆိုသည်။
မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်နေသူများအား ယခုထက်ပိုမို၍ သွားရောက်ကူညီခွင့်ရရန်နှင့် အထူးသဖြင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသော ဒေသများနှင့် နေရပ်စွန့်ခွာခဲ့ရသူ ပြည်သူများရှိရာ ဒေသများသို့ သွားရောက်ကူညီခွင့်ရရန် WFP က ဆော်သြလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်