
ကာဒစ်ရှန် - ဂျန်နာညီအစ်မများထဲမှ တစ်ဦးဖြစ်သည့် ကင်ဒဲဂျန်နာသည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် ဝင်ငွေအများဆုံးရ မော်ဒယ်စာရင်း၏ နံပါတ် ၁ နေရာ၌ ဖော်ပြခံခဲ့ရသည်။
Keeping Up with the Kardashians အစီအစဉ်တွင် ပါဝင်သည့် အသက် ၂၃ နှစ်အရွယ်ရှိ ဂျန်နာသည် ၂၀၁၇ ခုနှစ်ဇွန်နှင့် ၂၀၁၈ ခုနှစ် ဇွန်အတွင်း ဝင်ငွေဒေါ်လာ ၂၂ ဒသမ၅ သန်း ရရှိခဲ့သည်ဟု Forbes ဖော်ပြချက်အရ သိရသည်။ ဂျန်နာ၏ ဝင်ငွေအများစုသည် Estee Lauder, Adidas, Calvin Klein တို့နှင့် စာချုပ်ချုပ်ဆိုမှုများမှ ရရှိခဲ့သည်ဟု ဆိုသည်။ ကင်ဒဲဂျန်နာ၏ ညီမဖြစ်သည့် မော်ဒယ်ခိုင်လီဂျန်နာသည် ယင်းကာလအတွင်း ဝင်ငွေဒေါ်လာ ၁၆၆ ဒသမ ၅ သန်း ရရှိခဲ့သော်လည်း ဝင်ငွေအများစုသည် ၎င်း၏ Kylie တံဆိပ် အလှပြင်ပစ္စည်းများ ရောင်းချမှုမှ ရရှိခဲ့သောကြောင့် အဆိုပါ စာရင်းတွင် မပါဝင်ခဲ့ပေ။
၂၀၁၇ ခုနှစ်တွင် ဝင်ငွေအများဆုံးရ မော်ဒယ်အဖြစ် ဖော်ပြခံခဲ့ရသည့် ကာလီကလော့စ်သည် ယခုနှစ်တွင် ဒေါ်လာ ၁၃ သန်းဖြင့် ဒုတိယနေရာ၌သာ ဖော်ပြခံခဲ့ရသည်။ အသက် ၂၆ နှစ်အရွယ်ရှိ ကလော့စ်သည် လက်ဝတ်ရတနာ၊ နာရီနှင့် အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်သည့် Swarovski ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှုမှ ရရှိခဲ့သည်ဟု Forbes က ဖော်ပြခဲ့သည်။
ခရစ်စီတိုင်ဂန်နှင့် ရိုစီဟန်တင်တန်ဝိုက်တလီတို့က ဒေါ်လာ ၁၁ ဒသမ ၅ သန်းစီဖြင့် Forbes ၏ ၂၀၁၈ ခုနှစ် ဝင်ငွေအများဆုံးရ မော်ဒယ်စာရင်း၏ တတိယနေရာတွင် ပူးတွဲဖော်ပြခံခဲ့ရသည်။ ဂျီဆဲလ်ဘန့်ချင်နှင့် ကာရာဒလီဗင်းတို့သည်လည်း ဒေါ်လာ ၁၀ သန်းစီဖြင့် အဆို ပါစာရင်း၏ ပဥ္စမနေရာတွင် ပူးတွဲဖော်ပြခံခဲ့ရသည်။ ကြော်ငြာရိုက်ကူးမှု၊ ဖက်ရှင်နှင့် အလှပြင်ပစ္စည်းများ၏ ပင်တိုင်မော်ဒယ်အဖြစ် စာချုပ် ချုပ်ဆိုမှုတို့မှ ရရှိသည့် ဝင်ငွေများကို အခြေပြုပြီး အဆိုပါစာရင်းကို ထုတ်ပြန်ခဲ့သည် ဟု Forbes ကဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်