
မြန်မာအလှမယ် နှင်းသွေးယုအောင် ယှဉ်ပြိုင်လျက်ရှိသည့် Miss Universe ပြိုင်ပွဲ၏ Preliminary Competition အား ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Inpact Arena တွင်ကျင်းပမည်ဖြစ်သည်။ မြန်မာအလှမယ် နှင်းသွေးယုအောင်အတွက် အဆိုပါ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ဒီဇိုင်နာဖြိုးကိုက ဝတ်စုံဖန်တီးချုပ်လုပ်ပေးထားကြောင်း သိရသည်။
“နှင်းသွေးအနေနဲ့ ပြင်ဆင်ချိန်ရခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ အကောင်းဆုံးပြင် ဆင်ခဲ့ပါတယ်။ အလှမယ်တစ်ယောက်မှာ ရှိရမယ့် ခန္ဓာကိုယ်အချိုးအစား၊ Catwalk၊ ဉာဏ်ရည်ဉာဏ်သွေး၊ အထွေထွေ ဗဟုသုတတွေအတွက် ပြင်ဆင်ခဲ့ပါတယ်။ ပရဟိတလှုပ်ရှားမှုတွေလည်း လုပ်ဆောင်ခဲ့တယ်။ အခုပြိုင်ပွဲ ဝင်တဲ့အခါမှာလည်း မြန်မာဆိုတဲ့ image ကို အကောင်းဆုံး ပုံရိပ်တွေနဲ့ ထင်ဟပ်နိုင်အောင် ကြိုးစားနေပါတယ်။ ပြိုင်ပွဲတိုင်းမှာလည်း ကိုယ်တတ်နိုင်သလောက် စွမ်းအားနဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ” ဟု အလှမယ်နှင်းသွေးယုအောင်က ပြောကြားသည်။
Miss Universe ပြိုင်ပွဲအား နိုဝင်ဘာလကုန်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာတွင် မြန်မာအလှမယ် နှင်းသွေးယုအောင်သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ အလှမယ်များနှင့်အတူ ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ Miss Universe ပြိုင်ပွဲဝင် အလှမယ်များနှင့်အတူ activities များတွင် ပါဝင်လျက်ရှိကာ National Costume ပြိုင်ပွဲအပါအဝင် ပြိုင်ပွဲအချို့၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးဖြစ်သည်။
ဒီဇင်ဘာ ၁၃ ရက်တွင်မူ ပြိုင်ပွဲ၏ အရေးပါသည့် ပြိုင်ပွဲတစ်ခုဖြစ်သော Competition Preliminary ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။ Miss Universe အလှမယ် ရွေးချယ်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ Miss Universe ပြိုင်ပွဲသို့ မြန်မာ ကိုယ်စားပြုအလှမယ်များအနေဖြင့် ၂၀၁၃ ခုနှစ်တွင် စတင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အလှမယ် မိုးစက်ဝိုင်၊ သျှားထွဋ်အိန္ဒြာ၊ မေဘရဏီသော်၊ ထက်ထက်ထွန်း၊ ဇွန်သံစဉ်တို့ သွားရောက် ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်