
အမျိုးသမီးသရုပ်ဆောင်များက အဓိက ဇာတ်ဆောင်များအဖြစ် ပါဝင်သည့် ဇာတ်ကားများသည် အမျိုးသားဇာတ်ဆောင်များ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သည့် ဇာတ်ကားများထက် လက်မှတ်ရောင်းချမှု ဝင်ငွေတွင် ပိုမိုသာလွန်ခဲ့သည်ဟု Creative Artists Agency (CAA) နှင့် နည်းပညာကုမ္ပဏီ Shift 7 တို့၏ အစီရင်ခံစာအရ သိရသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီနှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီအတွင်း ဖြန့်ချိခဲ့ပြီး ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဦးဆောင်ခဲ့သည့် ဇာတ်ကား ၃၅၀ ကို အခြေခံပြီး အဆိုပါ အစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်သည်။
ယင်းဇာတ်ကား ၃၅၀ တွင် အမျိုးသမီး ဦးဆောင်သည့် ဇာတ်ကား ၁၀၅ ကားနှင့် အမျိုးသား ဦးဆောင်သည့် ဇာတ်ကား ၂၄၅ ကားပါဝင်သည်ဟု CCA က ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားများအနက် ထုတ်လုပ်ရေး ကုန်ကျစရိတ်ဒေါ်လာသန်း ၁၀၀ ကျော် အသုံးပြုသည့် ဇာတ်ကားစာရင်းတွင် အမျိုးသားဦး ဆောင်သည့် ဇာတ်ကား ၇၅ ကားနှင့် အမျိုးသမီးဦးဆောင်သည့် ဇာတ်ကား ၁၉ ကား ပါဝင်ခဲ့သည်။
ယင်းဇာတ်ကားများသည် အမျိုးသမီး ဇာတ်ကောင်နှစ်ဦးက အမျိုးသား ဇာတ်ကောင်ထက် စကားစမြည်ပြောဆိုမှု ပိုများသည်ကို စမ်းသပ်သည့် Bechdel Test အောင်မြင်ခဲ့သည်ကိုလည်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။ Star War: The Force Awakens၊ Jurassic World နှင့် Beauty and the Beast အပါအဝင် လက်မှတ် ရောင်းချမှု ဝင်ငွေစာရင်းတွင် ဒေါ်လာတစ်ဘီလျံ ရရှိခဲ့သည့် ဇာတ်ကားများသည် Bechdel test ကို အောင်မြင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော် ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်