
အိန္ဒိယ၏ အချမ်းသာဆုံးဘီလျံနာ၏ သမီးဖြစ်သူ အီရှာအမ်ဘာနီ၏ မင်္ဂလာပွဲသို့ တက်ရောက်မည့် ဧည့်သည်များထဲတွင် ဘီယွန်းစေးနှင့် ဟီလာရီကလင်တန်တို့လည်း ပါဝင်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည် အမ်ဘာနီမိသားစု၏ ကာလကြာမိတ်ဆွေတစ်ဦး ဖြစ်သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
မင်္ဂလာပွဲတက်ရောက်မည့် ဧည့်သည်အများစုသည် စင်းလုံးငှား လေယာဉ်များဖြင့် ဒီဇင်ဘာ ၈ ရက်တွင် Udaipur မြို့သို့ ရောက်ရှိခဲ့ရာ လေဆိပ်၌ လေယာဉ်ဆိုက်ရောက်မှုသည် ပုံမှန်ထက် လေးဆကျော် မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အိန္ဒိယ၏ အခမ်းနားဆုံးမင်္ဂလာပွဲ တစ်ခုဖြစ်လာမည့် အသက် ၂၇ နှစ်အရွယ်ရှိ အီရှာအမ်ဘာနီနှင့် အသက် ၃၃ နှစ်အရွယ်ရှိ အာနန်ပီရာမယ်တို့၏ မင်္ဂလာပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် မွမ်ဘိုင်း၌ ပြု လုပ်မည်ဖြစ်သည်။
မင်္ဂလာပွဲမတိုင်မီ အကြိုပွဲများကို Udaipur မြို့တွင် ဒီဇင်ဘာ ၈ ရက်မှ စတင်ကျင်းပခဲ့သည်။ ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် သီးသန့်ဧည့်ခံပွဲ တစ်ခုတွင် ဘီယွန်းစေးက Crazy in Love Perfect စသည့် သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ယင်းဖျော်ဖြေပွဲအတွက် ဘီယွန်းစေးကို အနုပညာကြေးမည်မျှ ပေးခဲ့ရသည်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သတို့သမီး၏ ဖခင်ဖြစ်သူ မူကက်ရှ် အမ်ဘာနီသည် Reliance Lndustrial လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်ပြီး ၎င်းင်း၏အသားတင်ကြွယ််ဝမှုသည် ဒေါ်လာ ၄၇ ဘီလျံရှိသည်ဟု Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည်။ သတို့သား အာနန်ပီရာမယ်သည်လည်း Piramal စီးပွားရေး လုပ်ငန်းစုဥက္ကဋ္ဌ အာဂျေးပီရာမယ်၏ သားဖြစ်သည်။
အီရှာအမ်ဘာနီနှင့် အာနန်ပီရာမယ်တို့၏ မင်္ဂလာပွဲသို့ တက်ရောက်မည့် ဧည့်သည်စာရင်းတွင် ကြော်ငြာကုမ္ပဏီ၏ သူဌေး Martin Sorrell၊ ခရစ်ကတ် အကျော်အမော် Sachin Tendulkar၊ စီးပွားရေးလုပ်ငန်းရှင် စာရေးဆရာမ Arianna Huffington နှင့် ဘောလိဝုဒ်ထိပ်တန်း အနုပညာရှင်များစွာ ပါဝင်သည်ဟု မီဒီယာများက ဖော်ပြခဲ့ကြ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်