
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသော ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များ ပြန်လာနိုင်ရန်အတွက် မြန်မာနိုင်ငံက အသင့်ပြင်ဆင်ထားသည်ဟု ဆိုသော်လည်း ပြန်လည်နေရာ ချထားရေးအတွက် အနည်းအကျဉ်းမျှသာ ပြင်ဆင်ထားကြောင်း ဂြိုဟ်တုဓာတ်ပုံများက ဖော်ပြနေသည်ဟု သြစတြေးလျ အတိုင်ပင်ခံအဖွဲ့ Australian Strategic Policy Institute (ASPI) က ဇူလိုင် ၂၃ နှောင်းပိုင်းတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဒုက္ခသည်များ ပြန်လည်နေရာထားပေးမည်ဟု မြန်မာအာဏာပိုင်များက ကတိပေးထားသော်လည်း ဂြိုဟ်တုဓာတ်ပုံများကို လေ့လာသုံးသပ်ချက်အရ ယခင်နေထိုင်သည့် နေရာများတွင် ပျက်စီးမှုအများစုကို ပြန်လည် တည်ဆောက်ထားမှု မတွေ့ရကြောင်း ASPI ၏ အစီရင်ခံစာက ဆိုသည်။
ယင်းသတင်းအတွက် မှတ်ချက်ပေးရန် ရခိုင်အုပ်ချုပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ကျော်စွာထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
ဘင်္ဂါလီမွတ်စလင်များ ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး လုပ်ငန်းစဉ်အတွက် မြန်မာအစိုးရ၏ စိတ်ဆန္ဒနှင့် ပတ်သက်ပြီး ယခုသုံးသပ်မှုက မေးခွန်းများ ထွက်ပေါ်စေခဲ့သည်ဟု ASPI ၏ ဆိုက်ဘာမူဝါဒ စင်တာမှ သုတေသနပညာရှင် နာသန်ရူဆာက ပြောကြားခဲ့သည်။
ASPI အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမွတ်စလင်တို့ အခြေချနေရာများအား “လုံခြုံရေးပြုမှု” ပုံစံကို ဖော်ပြထားပြီး ယခင်ဘင်္ဂါလီမွတ်စလင်နေရာ ခြောက်နေရာ၌ စစ်အခြေစိုက်စခန်းများ တည်ဆောက်ထားဖွယ် ရှိသည်ဟု ဖော်ပြထားသည်။
ဘင်္ဂါလီမွတ်စလင်များ ပြန်လာရေးလုပ်ငန်းစဉ် ချောမွေ့စေရန် မြန်မာနိုင်ငံက ကြိုးပမ်းအားထုတ်မှုများကို အာဆီယံ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန AHA Center က ဇွန်လတွင် ချီးကျူးထားပြီး နှစ်နှစ်အတွင်း ဒုက္ခသည် ငါးသိန်းခန့် ပြန်နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
Ref : Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်