
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ ခဲအိုဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးသည် ဇူလိုင် ၂၄ ရက်က ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်ထားကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
“နုတ်ထွက်တဲ့စာတော့ ရောက်လာပါ တယ်။ လက်ခံမယ်၊ လက်မခံဘူး ဆိုတာ ဆက်လက်ပြီးတော့ ဘယ်လိုလုပ်ရမယ် ဆိုတာတော့ ကျွန်တော်တို့ ညွှန်ကြားချက် တောင်းထားတုန်းပဲ ရှိသေးတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ဦးအောင်စိုးအနေဖြင့် မည်သည့်ကိစ္စကြောင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်သနည်းဟု The Daily Eleven သတင်းစာ က မေးမြန်းရာတွင် တနင်္သာရီတိုင်းဒေသ ကြီးအတွင်း၌ ပါတီအကြီးအကဲအဖြစ် ၎င်းတာဝန်ယူချိန်တွင် ပါတီအတွက် အရေးကိစ္စ အကြီးအကျယ်ဖြစ်ခဲ့သည့်အတွက် တာဝန်ရှိသူက နုတ်ထွက်ခြင်းသည် ဒီမိုကရေစီ၏ အစဉ်အလာဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြန်လည်ဖြေကြားသည်။
“သူက တနင်္သာရီတိုင်းမှာ ပါတီအကြီးအကဲ တစ်ဦးအဖြစ် တာဝန်ယူတုန်းမှာ ကျွန်တော်တို့ပါတီအတွက် အရေးအခင်း အကြီးအကျယ် ဖြစ်ခဲ့တယ်ဆိုရင် တာဝန်ရှိတဲ့သူက နုတ်ထွက်တာ ဒါ ဒီမိုကရေစီ အစဉ်အလာပါပဲ။ နုတ်ထွက်စာကို သူ့ဟာသူ တင်လိုက်တာပါ”ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ဦးအောင်စိုးသည် NLD ပါတီက ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်တွင် အသစ်ပြန်လည ်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၌ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး NLD ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည့်အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သရက်ချောင်းမဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။
ထိုသို့ ဦးအောင်စိုးက ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်ထားသော်လည်း လက်ခံရန် သင့် မသင့် ပါတီဒုတိယ ဥက္ကဋ္ဌ(၂)၏ ညွှန်ကြားချက်ကို စောင့်နေကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တနင်္သာရီဒေသခံများသည် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ အဂတိလိုက်စားမှုများကို အစိုးရအဖွဲ့၊ ပါတီသို့ တိုင်ကြားစာများ ပေးပို့ခဲ့သည်။
ယင်းနောက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှုများကို လျှို့ဝှက် လုပ်ဆောင်ခဲ့သည်။ ယင်းသို့ တိုင်ကြားပြီး နှစ်လကျော်အကြာတွင် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ အမှုဖွင့် အရေးယူခံရသူများတွင် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့လည်း ပါဝင်ခဲ့သည်။
ဝန်ကြီးချုပ် အပါအဝင် သုံးဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထားဝယ်မြို့မရဲစခန်း၌ ဖွင့်လှစ်ထားသည့် အမှု လေးမှုရှိပြီး (ပ) ၇၆၆/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့အား လည်းကောင်း၊ (ပ) ၇၆၇/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့အား လည်းကောင်း၊ (ပ)၇၆၈/၂၀၁၉ နှင့် (ပ)၇၆၉/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို လည်းကောင်း အသီးသီးအမှုဖွင့်ထားပြီး ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထားသည်။
ယင်းဥပဒေ ပုဒ်မများမှာ ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ်အထိ အရေးယူနိုင်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်