
ယခုသီတင်းပတ်အကုန်တွင် ပြန်လည်လက်ခံရေးကိစ္စ ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်ဖြစ်သောကြောင့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်စခန်းများတွင် လုံခြုံရေးတင်းကျပ်စွာ ချထားမည်ဖြစ်ကြောင်း အာဏာပိုင်များက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဘင်္ဂါလီမွတ်စလင် ၇၄၀,၀၀၀ သည် ၂၀၁၇ ခုနှစ်တွင် တပ်မတော်စစ်ဆင်ရေးတစ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်ခရိုင်ဖြစ်သော ကော့ဘဇားရှိ ဒုက္ခသည်စခန်း သုံးဒါဇင်နီးပါး၌ နေထိုင်လျက်ရှိသည်။
ဒုက္ခသည်အများအပြားသည် မြန်မာနိုင်ငံသို့ ပြန်သွားမည်ဆိုပါက ၎င်းတို့၏ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေကြဆဲဖြစ်သည်ဟု ဆိုသည်။
“သူတို့ လာရောက်စဉ်အတွင်း စခန်းတွေမှာ ကျွန်တော်တို့ လုံခြုံရေးမြှင့်တင်ထားပါတယ်”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မိုဟာမက်အဗ္ဗဒူကာလမ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်အကုန်တွင် ဘင်္ဂါလီမွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်သို့ ၎င်းတို့ပြန်လာရန်အတွက် ၎င်းတို့ လုပ်ဆောင်ထားသည့် လုပ်ငန်းစဉ်များကို အသိပေးမည်ဖြစ်ကြောင်း ကာလမ်က ပြောကြားခဲ့သည်။
ဘင်္ဂါလီမွတ်စလင်အရေအတွက်သည် တစ်သန်းနီးပါးအထိ ဖြစ်လာသော ဒုက္ခသည်စခန်းများကြောင့် အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အကြား တင်းမာမှုများ ဖြစ်ပေါ်နေပြီး ဒုက္ခသည် များကို ပြန်လည်လက်ခံရန် ကြန့်ကြာနေမှုများအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကို အပြစ်တင်ခဲ့သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလက အစိုးရနှစ်ရပ်အကြား ပြန်လည်လက်ခံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအချိန်အထိ မိမိသဘောဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်သွားသည့် ဘင်္ဂါလီမွတ်စလင်များ မရှိသေးပေ။ မည်သည့်ဒုက္ခသည်ကိုမျှ ၎င်းတို့နိုင်ငံမှ အတင်းအကျပ် ထွက်ခွာစေမည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှ်က ပြောကြားခဲ့သည်။
ဇူလိုင် ၂၄ ရက်က မြို့တော် ဒါကာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြန်လည်လက်ခံရေးအစီအစဉ်ကို စက်တင်ဘာလတွင် စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂါလီမွတ်စလင်များအား ရခိုုင်ပြည်နယ်သို့ ပြန်ခွင့်ပြုရန်နှင့် ၎င်းတို့အား နိုင်ငံသားဖြစ်ခွင့်ပေးရန် နိုင်ငံတကာက မြန်မာနိုင်ငံကို ဖိအားပေးလျက်ရှိသည်။
ဒုက္ခသည်အကျပ်အတည်းကို ကိုင်တွယ်ရာ၌ ဖြစ်ပေါ်တိုးတက်မှုသည် အလွန်နှေးကွေးလွန်းသည်ဟု ကုလသမဂ္ဂကလည်း ဝေဖန်ခဲ့သည်။
ပြီးခဲ့သည့်နိုဝင်ဘာလက ဘင်္ဂါလီမွတ်စလင်တစ်ဦးတစ်ယောက်ကမျှ မြန်မာနိုင်ငံသို့ပြန်လာရန် သဘောတူညီခဲ့ခြင်းမရှိသောကြောင့် ပြန်လည်လက်ခံရေး စတင်ရန် အစီအစဉ် ပျက်ပြယ်ခဲ့ရသည်။ ယင်းနောက် လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် မြန်မာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ဒုက္ခသည်စခန်း များသို့ သွားရောက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ ပေကျင်း၌ တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ သွားရောက်မည့် အစီအစဉ် ထပ်မံဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကမဟာမိတ်ဖြစ်ပြီး ဘင်္ဂါလီမွတ်စလင်အကျပ်အတည်းကို ဖြေရှင်းရေးအား ကူညီရန်အတွက် လိုအပ်သည့်အရာတိုင်းကို တရုတ်အစိုးရက ပြုလုပ်ပေးလိမ့်မည်ဟု ဟာဆီနာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်