
ရေနံချောင်းမြို့နယ်ရှိ ရွာနှစ်ရွာတွင် မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွားရာမှ ပဋိပက္ခ ဖြစ်ပွား၍ လူအများသေဆုံးရခြင်းသည် အုပ်ချုပ်ရေးကဏ္ဍ၏ လယ်ယာမြေအပိုင်းတွင် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေခြင်းကြောင့် ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက ဝေဖန်ပြော ကြားသည်။
နေပြည်တော်၌ ဇူလိုင် ၂၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ခြောက်လတာကာလလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“၂၄ ရက်နေ့က မကွေးတိုင်းဒေသကြီး ရဲ့ ရေနံချောင်းမြို့နယ်မှာ ရွာနှစ်ရွာရဲ့ မြေယာလုမှုကြောင့် လူဦးရေ ၄၀ လောက် သေပါတယ်။ ဒါဟာ ဘာလဲဆိုတော့ အုပ်ချုပ်ရေးကဏ္ဍရဲ့ လယ်ယာမြေအပိုင်းမှာ တရားဥပဒေ စိုးမိုးမှု ပျက်ပြားနေလို့ဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျွန်တော့်မဲဆန္ဒနယ်မှာလည်းပဲ သုံးနှစ်ရှိပါပြီ။ လယ်ယာမြေကဏ္ဍ၏ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့အတွက် ပြည်သူတွေဟာ အများကြီးနစ်နာနေရတာဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက ပြောကြားသည်။
ဆက်လက်ပြီး အုပ်ချုပ်ရေးကဏ္ဍ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရာခိုင်နှုန်း ၇၀ သော တောင်သူလယ်သမားများနှင့်ဆက်စပ်သော ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် တရားမျှတသော ဥပဒေနှင့်အညီဖြစ်သော ခုခံချေပခွင့်နှင့် အယူခံခွင့် ပေးထားခြင်းမရှိ ဘဲ စာဖြင့်ရေးသားထားသည့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ လယ်စီအဆင့်ဆင့်၏ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်၊ အမိန့်စသည့် အမှုမှတ် တမ်းများကိုလည်း ထုတ်ပေးရခြင်းမရှိသည့်အတွက် လယ်စီအဆင့်ဆင့်သည် လာဘ်ပေးလာဘ်ယူဖြင့် ဆုံးဖြတ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ကြောင့် တောင်သူလယ်သမားများသည် လယ်စီအဆင့်ဆင့်၏ မတရားပြုမှုကို နေ့စဉ်နှင့်အမျှ ခံစားနေရပြီး ရာခိုင်နှုန်း ၇၀ သော ပြည်သူများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများ ဆုံးရှုံးနေရ ခြင်းသည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေခြင်းကို ရာခိုင်နှုန်း ၇၀ အထက် ရှိသည်ဟု ဖော်ပြနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
မကွေးတိုင်းဒေသကြီးရှိ ရေနံချောင်း မြို့နယ်အတွင်း ကျေးရွာနှစ်ရွာတွင် ဇူလိုင် ၂၃ ရက် ညနေပိုင်းက မြေပိုင်ဆိုင်မှု အငြင်းပွားရာမှ ပဋိပက္ခဖြစ်ပွားပြီး စက်လှေနစ်၍ လူ ၃၉ ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်ကာ ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီအထိ စုစုပေါင်း အလောင်း ၁၉ လောင်း တွေ့ရှိထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်