
မုဒိမ်းမှုဖြစ်ပွားရခြင်းအတွက် သုတေသနစာတမ်းများပြုစုပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။
နေပြည်တော်၌ ဇူလိုင် ၂၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဌေးဦးရဲ့ ဆွေးနွေးတင်ပြချက်မှာပါရှိတဲ့ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအစော်ကားခံရတဲ့ အမှုများနဲ့စပ်လျဉ်းပြီး ကော်မရှင်သို့ ပေးပို့လာတဲ့ တိုင်တန်းချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ခြင်း၊ လိုအပ်ရင် ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး ဖြေရှင်းလျက်ရှိပါတယ်။ မုဒိမ်းမှုဖြစ်ပွားရခြင်းအတွက် ကော်မရှင်အနေဖြင့် သုတေသနစာတမ်းများပြုစုပြီး နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပါမယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။
ဆက်လက်ပြီး လိုအပ်ပါက အကြံပေးများ ခန့်အပ်တာဝန်ပေးခြင်း၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းများကိုလည်း လိုအပ်သလို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် သက်ငယ်မုဒိမ်းမှုများကို ကော်မရှင်က ကိုင်တွယ်ဆောင်ရွက်သည့်အခါ ကော်မရှင်၏ ၂၀၁၈ နှစ်ပတ်လည်အစီရင်ခံစာ အပိုဒ် ၃၇ (က)(ခ)(ဂ)(စျ) တို့တွင် ဖော်ပြပါရှိသည့်အတိုင်း အတတ်နိုင်ဆုံး ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
ကော်မရှင်၏ အစီရင်ခံစာအပေါ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါ်ရွှေရွှေစိန်လတ်၏ အကြံပြုချက်တွင် ပါရှိသည့် အများဆုံးဖြစ်ပွားသည့်အမှုများကို မည်သို့ လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသည်ကို အနှစ်ချုပ်ဖော်ပြခြင်းအား လာမည့် အစီရင်ခံစာများတွင် ဖော်ပြနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်