
မလေးရှားရုပ်ရှင်မင်းသမီး မစ်ရှဲယို၏ အက်ရှင်သရုပ်ဆောင်ခန်းများပါဝင်သည့် အမေရိကန် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Everything Everywhere All At Once မိတ်ဆက်ပြသလိုက်ပြီးနောက် ယခုတစ်ခါ Netflix မှပြသမည့် The Witcher:Blood Origin ဇာတ်လမ်းတွဲတွင်လည်း သူမ၏ ဖိုက်တင်စွမ်းရည်များကို မြင်တွေ့ရဦးမည်ဖြစ်သည်။
ဇာတ်လမ်းအမြည်း တစ်မိနစ်စာပင် ထွက်ရှိထားပြီး ယိုက ဓားရှည်ကိုင်သည့် သဘာဝလွန်စွမ်းအားရှိသူ ရှန်ဇာတ်ကောင်နေရာမှ ပါဝင်ထားသည်။
The Witcher:Blood Origin သည် The Witcher ဇာတ်လမ်းတွဲများထက် စောသည့် အကြောင်းအရာများကို ရိုက်ကူးထားပြီး The Witcher ထဲမှဖြစ်ရပ်များမတိုင်မီ နှစ်ပေါင်း ၁၂၀၀ ခန့်ကအချိန်ကို ရိုက်ကူးထားသည်။
မိစ္ဆာသုတ်သင်သူများစဖြစ်တည်လာပုံကို ရိုက်ပြထားကာ ယိုက သူမတို့လူမျိုးများထံမှ အခိုးခံလိုက်ရသည့်ဓားကို ပြန်ရရန်ကြိုးပမ်းရင်း ခရီးသွားနှစ်ဦး (ဆိုဖီယာဘရောင်းနှင့် လော့ရန့်စ် အိုဖရိန််တို့သရုပ်ဆောင်ထား) နှင့် သိကျွမ်းခဲ့သည့်ဇာတ်လမ်းဖြစ်သည်။
ဇာတ်လမ်းအမြည်းတွင် ၎င်းတို့သုံးဦး၏ အက်ရှင်ခန်းများကို ပြသထားသည်။ ဇာတ်လမ်းတွဲကို ၂၀၂၂ ခုနှစ်တွင် ထုတ်လွှင့်မည်ဖြစ်သည်။
မိတ်ဆက်ပွဲပြုလုပ်ပြီးပြီဖြစ်သည့် Everything Everywhere All At Once ဇာတ်ကားတွင် မစ်ရှဲယိုက တရုတ်-အမေရိကန်သူ အယ်ဗလင်ဝမ်အဖြစ် သရုပ်ဆောင်ထားပြီး ထိုဇာတ်ကားကိုမူ ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်တွင် စတင်ရုံတင်သွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်