
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ဗဟိုကော်မတီဝင် ဦးသောင်းအေးကို တာဝန်ပေးအပ်ခံရကြောင်း ပါတီနှင့်နီးစပ်သူများထံက သိရသည်။
အောက်တိုဘာ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့သည့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ် ပါတီညီလာခံအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁)၊ ဒုတိယဥက္ကဋ္ဌ (၂)နေရာ တို့ကို ရွေးချယ်ခဲ့သော်လည်း ဒုတိယဥက္ကဋ္ဌ (၃)နှင့် အထွေထွေအတွင်းရေးမှူးနေရာတို့ကို ရွေးချယ်ခဲ့ခြင်း မရှိခဲ့သောကြောင့် လစ်လပ် နေသည့် အထွေထွေအတွင်းရေးမှူးနေရာနှင့် ဒုတိယဥက္ကဋ္ဌ (၃) နေရာတို့အတွက် အောက် တိုဘာ ၂၈ ရက်တွင် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် လစ်လပ်နေသည့် ပါတီအ ထွေထွေအတွင်းရေးမှူးနေရာတွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးကို တာဝန်ပေးအပ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၃) နေရာ အတွက် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) မျိုးဇော် သိန်းအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရ သည်။
ဒုတိယဥက္ကဋ္ဌ (၃) အဖြစ် တာဝန်ပေး အပ်ခံရသည့် ဦးမျိုးဇော်သိန်းသည် အောက် တိုဘာလအတွင်း၌ပင် တပ်မတော်စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တာဝန်မှ အငြိမ်းစား ယူလာသူဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက်က ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ညီလာခံအပြီး တွင် လစ်လပ်နေသည့် ဒုတိယဥက္ကဋ္ဌ (၃)နေ ရာနှင့် အထွေထွေအတွင်းရေးမှူးနေရာများ အတွက် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အ ဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးမြတ် ဟိန်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဦးလှထွန်း၊ ဒုတိယဥက္ကဋ္ဌ (၃) အဖြစ် ဦးမျိုးဇော်သိန်းနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသောင်း အေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအ ဖြစ် ဦးတင်အောင်ချစ်တို့က တာဝန်ယူဆောင် ရွက်နေကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ကော်မတီဝင် ၄၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်တာကျင်းပခဲ့သည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တ တိယအကြိမ် ပါတီညီလာခံအစည်းအဝေး၌ ပါတီဥက္ကဋ္ဌတာဝန်များမှ အနားယူသွားသည့် ဦးသန်းဌေး၏ နေရာတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးမြတ်ဟိန်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဦးလှထွန်းတို့ကို ရွေး ချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ တွဲဖက်အထွေထွေအတွင်းရေး မှူးအဖြစ် ဦးတင်အောင်ချစ်အား ညီလာခံ တွင် ရွေးချယ်တင်မြှောက်ခဲ့ကြောင်းနှင့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် လူဟောင်း အများစု ပြန်လည်ပါဝင်ခဲ့ကြောင်းလည်း သိ ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်