
စက်တင်ဘာ ၂၀ ရက်က ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး၏ Sustainable Development Goals ဆိုင်ရာ အစည်းအဝေးကို ကေပေါ့စူပါစတား BTS အဖွဲ့လည်း တက်ရောက်ခွင့်ရခဲ့ပြီး လူငယ်များအတွက် အားပေးစကားများ ပြောကြားခဲ့သည်။
ထိုတက်ရောက်မှုသည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ၎င်း၏အထူးကိုယ်စားလှယ်များအဖြစ် တရားဝင်ခန့်အပ်လိုက်ပြီးနောက်ပိုင်း၊ BTS အဖွဲ့ပထမဆုံးတက်သည့် တရားဝင်အခမ်းအနားလည်း ဖြစ်သည်။
Sustainable Development Goals (SDGs) ဆိုသည်မှာ ဆင်းရဲမွဲမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှု၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုတို့ အပါအဝင် ကမ္ဘာ့စိန်ခေါ်မှုအရပ်ရပ်ကို ဖြေရှင်းကာ ၂၀၃၀ အမီ အားလုံးအတွက် ပိုကောင်းသည့်အနာဂတ်ဖြစ်ရေးကို ဦးတည်သည့် ကုလသမဂ္ဂ၏ရည်မှန်းချက် ၁၇ ရပ်ပါ စီမံကိန်းကြီးဖြစ်သည်။
အဆိုပါအခမ်းအနားတွင် BTS အဖွဲ့သားများက COVID-19 ကပ်ရောဂါကာလကို ဖြတ်သန်းနေရသည့် လူငယ်များ၏ သဘောထားခံစားချက်များကို ပြောသွားခဲ့ပြီး အနာဂတ်အတွက် မျှော်လင့်အားပေး စကားများလည်း ဝေမျှသွားခဲ့သည်။ ကိုဗစ်ဆိုင်ရာ အကန့်အသတ်များကြောင့် အထွေထွေ ညီလာခံခန်းမထဲတွင် နေရာအများစုက လွတ်နေပြီး ရှေ့ထိုင်ခုံတန်းများတွင်ရှိသည့် ကိုယ်စားလှယ်များကလည်း ရံဖန်ရံခါဖုန်းဖြင့် ဓာတ်ပုံထုတ်ရိုက်သည်ကလွဲ၍ ငြိမ်သက်စွာ နားထောင်ခဲ့ကြသည်။
အခမ်းအနားတွင် တောင်ကိုရီးယား သမ္မတမွန်ဂျေအင်းလည်း အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့သည်။ ၎င်းအလှည့်ပြီးကာမှ အဖွဲ့ဝင်ခုနစ်ဦးပါ BTS အဖွဲ့ စင်ထက်သို့ တက်ရောက်လာခဲ့ပြီး မိန့်ခွန်းများအသီးသီး ပြောဆိုကာ အထွေထွေညီလာခံခန်းမအလွတ်တွင် ကြိုတင်ရိုက်ကူးထားသည့် Permission to Dance ဗွီဒီယိုကို ပြသခဲ့သည်။
ယင်းဗီဒီယိုကို အထွေထွေညီလာခံခန်းမအတွင်းနှင့် East River ကို မျက်နှာမူထားသည့် အပြင်ဘက်မြက်ခင်းပြင်တွင် ရိုက်ကူးထားခြင်းဖြစ်သည်။ မိန့်ခွန်းပြောဆိုမှုအပိုင်းတွင် BTS အဖွဲ့သားများက ကပ်ရောဂါကြောင့် ၎င်းတို့၏နောက်ဆုံးနယ်လှည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားသည်။
အဖွဲ့ခေါင်းဆောင် RM “ကျွန်တော်တို့ ဒီနေ့ဒီမှာ ရှိနေတာဟာ အနာဂတ်မျိုးဆက်တွေရဲ့ အကြောင်းကို ဝေမျှချင်လို့ပါ။ ဒီကို ကျွန်တော်တို့ မလာခင် ကမ္ဘာတစ်ဝန်းက ဆယ်ကျော်သက်တွေနဲ့ ၂၀ ကျော် လူငယ်တွေကို ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သူတို့ကြုံခဲ့ရတာတွေ၊ ဒီကနေ့ သူတို့နေထိုင်နေတဲ့ ကမ္ဘာမြေအကြောင်းတွေကို မေးမြန်းလေ့လာခဲ့ပါတယ်။ လူငယ်တွေဟာ ကိုဗစ်ရဲ့ လမ်းပျောက်နေတဲ့မျိုးဆက် ကျယ်ပြန့်တဲ့ အခွင့်အလမ်းတွေကို လိုအပ်နေချိန်၊ အသစ်အသစ်သော အရာတွေကို စူးစမ်းရမယ့်အချိန်မှာ လူငယ်တွေ လမ်းပျောက်နေတယ်ဆိုပြီး ပြောကြတာကို ကြားရပါတယ်။ တကယ်ယုတ္တိရှိရှိပြောရရင် လူငယ်တွေ လျှောက်နေတဲ့လမ်းကို လူကြီးတွေ မမြင်တာနဲ့ဘဲ လမ်းပျောက်တယ်ပြောကြတာ” ဟုပြောကြားသည်။
အဖွဲ့ဝင် Jin ကလည်း “ကျွန်တော်တို့ဟာ ဘဝရဲ့အကောင်းဆုံး အသင့်တော်ဆုံးအချိန်မှာ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ဖို့ ရပ်နေလို့မဖြစ်ဘူး”ဟု လူငယ်များအား လှုံ့ဆော်အားပေးခဲ့သည်။
BTS အဖွဲ့က ၎င်းတို့အားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြပြီဖြစ်ကာ လူငယ်များက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို မည်သို့တိုက်ဖျက်ရမည်ဆိုသည်ကို အဖြေရှာနေကြသည်ဟုလည်း မှတ်ချက်ပြုပြောဆိုခဲ့သည်။
သမ္မတအထူးကိုယ်စားလှယ်များအဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံသို့ မတက်ရောက်မီ BTS အဖွဲ့အား သံတမန်ပတ်စ်ပို့များ ထုတ်ပေးထားသည်ဟု တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်