
မက္ကဆီကို စွန့်စားခန်း၊ ဟာသအန်နီမေးရှင်းဇာတ်ကား An Egg Rescue ကို အမေရိကန်နှင့်မက္ကဆီကို ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၃.၂၄ သန်း ရရှိထားကြောင်း သိရသည်။
စပိန်ဘာသာစကားဖြင့် Unrescate de huevitos ဟု အမည်ပေးထားသော An Egg Resuce အန်နီမေးရှင်းဇာတ်ကားကို သြဂုတ် ၁၂ ရက်မှစ၍ မက္ကဆီကိုတွင် ရုံတင်ပြခဲ့ပြီး သြဂုတ် ၂၇ ရက်တွင် အမေရိကန်ရုပ်ရှင်ရုံအချို့၌ စတင်ရုံတင်ပြသခဲ့ခြင်းဖြစ်သည်။
An Egg Rescue ဇာတ်ကားသည် မက္ကဆီကိုအခြေစိုက် မီဒီယာကုမ္ပဏီ Huevos မှ စီစဉ်ဖန်တီးသော စတုတ္ထမြောက်ဇာတ်ကားဖြစ်သည်။
An Egg Rescue ရုပ်ရှင်တွင် အန်နီမေးရှင်းဇာတ်ကောင်များကို လှပစွာပုံဖော်ဖန်တီးနိုင်မှုနှင့် ဇာတ်ညွှန်းပိုင်းတွင် အကောင်းမြင်မှတ်ချက်များ ပေးနိုင်မှုတို့ကြောင့် အဆိုပါအန်နီမေးရှင်း ဇာတ်ကားသည် မထွက်မီအချိန်ကတည်းက ကမ္ဘာတစ်ဝန်းမှ ရုပ်ရှင်ဝေဖန်ရေးသမားများ၏ ချီးကျူးထောမနာပြုမှုကို ရရှိခဲ့သော ဇာတ်ကားလည်းဖြစ်သည်။ ရုပ်ရှင်ဝေဖန်ရေးသမား အများစုသည် Huevos ၏ အန်နီမေးရှင်းဖန်တီးမှုများကို Dream Works ၏ အန်နီမေးရှင်းလက်ရာများနှင့် နှိုင်းယှဉ်ချီးကျူးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အန်နီမေးရှင်းဇာတ်ကားကို မြောက်အမေရိက Box-office တွင် ရုံတင်ပြသရာ၌ အမြတ်ငွေ အသင့်အတင့်ရရှိခဲ့ပြီး မက္ကဆီကိုတွင် ရုံတင်ပြသရာ၌ ပီဆို ၄၆ သန်း (ဒေါ်လာ ၂.၃ သန်း) ရရှိခဲ့သည်။ အမေရိကန်၌ ရုံတင်ပြသသည့် တစ်ရက်တည်းအတွင်း ယင်းဇာတ်ကားသည် အမြတ်ငွေဒေါ်လာ ၄၃၀,၀၀၀ ရရှိခဲ့သည်။
Toto အမည်ရှိ ကြက်ဖကလေး နှင့် Di အမည်ရှိ ကြက်မကလေးတို့သည် ရုရှားလူမိုက်အဖွဲ့တစ်ဖွဲ့ခိုးယူသွားသော ၎င်းတို့၏ ကြက်ဥများကို ပြန်လည်ကယ်ဆယ်ရယူရန် သင်္ဘောဖြင့် ကွန်ဂိုနိုင်ငံသို့ အရဲစွန့်ခရီးနှင်ရသည့်အကြောင်းကို An Egg Rescue အန်နီမေးရှင်းဇာတ်ကားတွင် ဖန်တီးတင်ဆက်ထားခြင်းဖြစ်သည်။
Granjasel Pollon မွေးမြူရေးခြံတွင် ရွှေဝါရောင်အဆင်းရှိသည့် ကြက်ဖကလေး Toto နှင့် ၎င်း၏ဇနီးသည် ကြက်မကလေး Di အပြင် Willy နှင့် Bibi အစရှိသည့် ကြက်မျိုးနွယ်များ နေထိုင်လျက်ရှိသည်။
တစ်နေ့တွင် Toto နှင့် Di တို့၏ ကလေးနှစ်ဦးဖြစ်လာမည့် Max နှင့် Uly ဟု အမည်ပေးထားသော ဥနှစ်လုံးကို ကြက်မကလေး Di က ဥခဲ့သည်။
ရွှေဝါရောင် အဆင်းရှိသော Max နှင့် Uly ဥကလေးနှစ်လုံးကြောင့် Granjasel Pollon မွေးမြူရေးခြံပိုင်ရှင် La Abuelita က ယင်းဥနှစ်လုံးကို မွေးမြူရေးခြံပြိုင်ပွဲတွင် ပြသယှဉ်ပြိုင်ရန် စာရင်းသွင်းလိုက်သည်။
ဖခင်ဖြစ်သူ Toto မှာ ၎င်း၏သားသမီးများ ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းအတွက် ကနဦး တွင် စိတ်လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် ဥကလေးများ အန္တရာယ်နှင့်ကြုံတွေ့လာရမည်ကို စိုးရိမ်မကင်းဖြစ်နေခဲ့သည်။ ထို့ပြင် အသေးစား သားပိုက်ကောင်နှစ်ကောင် ဖြစ်သော Tlacue နှင့် Cuadhe က ကြက်ဟန်ဆောင်လျက် မွေးမြူရေးခြံအတွင်းသို့ ခိုးဝင်ကာ ကြက်များကိုစားရန် ကြံစည်သည့်ဖြစ်ရပ်လည်း ဖြစ်ပွားထားခြင်းကြောင့် Toto သည် ရတက်မအေးဖြစ်နေရသည်။
မွေးမြူရေးခြံပြိုင်ပွဲတွင် Toto နှင့် Di တို့၏ လှပသော ဥကလေးနှစ်လုံးကို ဥစုဆောင်းသူ ရုရှားနိုင်ငံသားတစ်ဦးဖြစ်သည့် Duquesa က စိတ်ဝင်စားနေသည်။ လောဘကြီးသူ Duquesa သည် Toto ၏ ဥများကို ဝယ်ယူရန် မွေးမြူရေးခြံပိုင်ရှင် Abuelita ကို ဒေါ်လာ ၂၀၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခြင်းကြောင့် ထိုဥကလေးနှစ်လုံးကို ခိုးယူရန် ကြံစည်တော့သည်။
တစ်နေ့တွင် Duquesa ၏ အောက်လက်ငယ်သားဖြစ်သည့် မျောက်နှစ်ကောင်က Toto နှင့် Di ၏ ဥများကို ခိုးယူသွားခဲ့ကြခြင်းကြောင့် Toto ၊ Di နှင့် ၎င်းတို့၏သူငယ်ချင်းများက ဥရှာဖွေရေး စွန့်စားခန်း ထွက်ကြရတော့သည်။
ထိုသို့ Toto တို့ အဖွဲ့စွန့်စားခန်းထွက်ရင်း ကြုံတွေ့လာရမည့် အခက်အခဲများ၊ အကြံဉာဏ်၊ အတွေ့အကြုံ၊ စွန့်စားမှုမှတစ်ဆင့် ကလေးများအား စနစ်တကျသွန်သင် ဆုံးမနိုင်သော ဖခင်အစစ်အမှန်ဟူသည့် အဓိပ္ပာယ်ကို နားလည်သိရှိခဲ့သည့် Toto အကြောင်းကို An Egg Rescue အန်နီမေးရှင်းဇာတ်ကားတွင် ခံစားမှုရသစုံလင်စွာ ကြည့်ရှုခံစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်