
သရုပ်ဆောင် ဝေဠုကျော်နှင့် ဖောင်ဒေးရှင်း အဖွဲ့သားများက လှိုင်သာယာမြို့နယ် အတွင်းရှိ အိမ်ခြေ ၁၀၀ အတွက် စားသောက်ကုန်များလှူဒါန်းခဲ့ကြသည်ဟု သိရသည်။ အဆိုပါလှူဒါန်းမှုကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လှိုင်သာယာမြို့နယ် ကျူးကျော်ရပ်ကွက်အတွင်းရှိ အမှန်တကယ် အကူအညီလိုအပ်နေသည့် အိမ်ထောင်စု ၁၀၀ ကို ရွေးချယ်ကာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်၍ “ဒီကျူးကျော်ရပ်ကွက်လေးက မြောင်းနံဆိုးများနှင့် ရေဆိုးများကြားထဲမှာ နေထိုင်ကြရပါတယ်။ လှိုင်သာယာကျူးကျော်အိမ်တွေကို လှူပေးဖို့လာကြည့်တော့ တစ်ဆင့်ပြီးတစ်ဆင့် နွမ်းပါးချို့တဲ့တာကို ညွှန်ပြပေးကြရင်း ဒီရပ်ကွက်ထဲ ရောက်လာရတာပါ။ ဒီရပ်ကွက်ထဲမှာတောင် အနွမ်းပါးဆုံးတွေကိုသာ လှူပေးဖို့ ထပ်မံလမ်းညွှန်းရင်း အိမ်ခြေ ၁၀၀ ရွေးချယ်လှူပေးဖြစ်ပါတယ်။ နွမ်းပါးကြပေမယ့် လောဘနည်းကြပြီး ချစ်စရာကောင်းတဲ့ ရပ်ကွက်လေးပါ” ဟု Wai Lu Kyaw Foundation ၏ Facebook တွင် ရေးသားထားသည်။
ယင်းလှူဒါန်းမှုအစီအစဉ်တွင် တစ်အိမ်ထောင်လျှင် ငါးကြင်းဖြူ ၇၅ ကျပ်သားဝန်းကျင် တစ်ကောင်၊ ဆန် ၂ ပြည်၊ ဆီ ၃၀ သား၊ ကြက်သွန်နီတစ်ပိသာနှင့် အချိုမှုန့်တို့ကို အိမ်ခြေ ၁၀၀ စာအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝေဠုကျော် ဖောင်ဒေးရှင်းအနေဖြင့် လှိုင်သာယာကျူးကျော်ရပ်ကွက်များသို့ စာနပ်ရိက္ခာလှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် သွားရောက်လေ့လာခဲ့သည့် စက်တင်ဘာ ၂၅ ရက်ကလည်း ပိုလီယိုမသန်စွမ်း ကလေးငယ်တစ်ဦးကိုလည်း လှူဒါန်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းလှူဒါန်းမှုနှင့်ပတ်သက်၍ “လှိုင်သာယာ ကျူးကျော်ရပ်ကွက်တွေဘက် စားနပ်ရိက္ခာလှူပေးဖို့ နေရာသွားကြည့်ရင်း တွေ့ဆုံခဲ့ရတဲ့ ပိုလီယိုမသန်စွမ်းသမီးလေးပါ။ ကျူးအချင်းချင်းကတောင် သူတို့ထက်ဆင်းရဲလို့ လှူပေးဖို့ လမ်းညွှန်ပြပေးတဲ့ နောက်ဖေးလမ်းကြားလေးထဲမှာ နေရတဲ့ကျူးထဲကပါ။ အမေက မုဆိုးမ၊ အလုပ်ထွက်လုပ်တော့ အသက် ၁၃ နှစ် ပိုလီယိုသမီးလေးက အိမ်မှာကျန်ခဲ့ရတယ်” စသည်ဖြင့် ရေးသားကာ အဆိုပါကလေးငယ်အတွက် လှူဒါန်းမှုပြုလုပ်ခဲ့ခြင်းကိုလည်း Wai Lu Kyaw Foundation ၏ Facebook တွင် မျှဝေရေးသားပေးထားသည်။
သရုပ်ဆောင်ဝေဠုကျော် ဦးဆောင်သည့် Wai Lu Kyaw အနေဖြင့် ကိုဗစ်ကပ်ရောဂါကာလများအတွင်း ကျန်းမာရေးဆိုင်ရာကူညီမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ကိုဗစ်တတိယလှိုင်းကာလ အတွင်း၌ လိုအပ်ချက်များပြားခဲ့သည့် အောက်ဆီဂျင်အတွက်လည်း လှူဒါန်းကူညီမှုများ ပြုလုပ်ပေးလျက်ရှိကာ နွမ်းပါးမိသားစုများအတွက် စားနပ်ရိက္ခာကူညီထောက်ပံ့ခြင်း အစီအစဉ်ဖြင့်လည်း လှူဒါန်းမှုများပြုလုပ်နေခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်