
နာမည်ကျော် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ Squid Game တွင် တွေ့မြင်ရသော ဖုန်းနံပါတ်ကို ပိုင်ဆိုင်သည့် အမျိုးသမီးတစ်ဦးက ၎င်းထံအကြိမ်ပေါင်းများစွာ ဖုန်းဆက်သွယ်ခေါ်ဆိုမှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့ပြီးနောက် Netflix က ယင်းဇာတ်လမ်းတွဲတွင် ပါဝင်သည့် ဖုန်းနံပါတ်ကို တည်းဖြတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Squid Game ဇာတ်လမ်းတွဲသည် Netflix ၏ ကြည့်ရှုသူအများဆုံး ရုပ်သံဇာတ်လမ်းတွဲများမှတစ်ခု အပါအဝင် ဖြစ်သည်။
Squid Game ဇာတ်လမ်းတွဲတွင် ဆုကြေးငွေအတွက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို အဆုံးအဖြတ်ပေးနိုင်သည့် ကလေးများဆော့ကစားလေ့ရှိသော ဂိမ်းများတွင် ပါဝင်ကစားရန် ငွေကြေးပြတ်လတ်နေသူများကို ဖုန်းနံပါတ်တစ်ခုပေး၍ ဆက်သွယ်စေခဲ့သည်ကို တွေ့မြင်ရသည်။
ယင်းဇာတ်လမ်းတွဲတွင် ပါဝင်သည့် ဖုန်းနံပါတ်ကို အမှန်တကယ် ပိုင်ဆိုင်သောအမျိုးသမီးက ဂိမ်းတွင် ပါဝင်ဆော့ကစားလိုသည်ဟု တောင်းဆိုသည့် ဖုန်းဆက်သွယ်မှုပေါင်းများစွာ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယား အရှေ့တောင်ပိုင်း ဆောင်ဂျူးမြို့မှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးက ၎င်းထံစာအစောင်ရေပေါင်း ထောင်နှင့်ချီပေးပို့လာကြပြီး ဖုန်းခေါ်ဆိုမှုပေါင်းများစွာ ရရှိခဲ့သည့်အတွက် နေ့စဉ်ဘဝနေထိုင်မှုတွင် အခက်အခဲများကြုံတွေ့နေရသည်ဟု ဒေသတွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့သည်။
“ဒီဖုန်းနံပါတ်က ကျွန်မ ၁၀ နှစ်ကျော်ကြာ သုံးလာတာပါ။ ကျွန်မ အတော်အံ့အားသင့်သွားတယ်။ ကျွန်မဖုန်းကနေဖျက်ရတဲ့ ဖုန်းနံပါတ်အရေအတွက် ၄,၀၀၀ ကျော်ရှိတယ်” ဟု ၎င်းက Money Today သတင်းဌာနကို ပြောကြားခဲ့သည်။
“အစက အကြောင်းအရင်းကို မသိခဲ့ဘူး။ကျွန်မဖုန်းနံပါတ်က ရုပ်ရှင်ထဲမှာပါတယ်လို့ သူငယ်ချင်းပြောမှပဲ သိခဲ့ရတာပါ” ဟုဆိုသည်။
ထိုအမျိုးသမီးက ဝမ်ငါးသန်း (၄,၁၇၈ ဒေါ်လာ) လျော်ကြေးပေးရန် ကမ်းလှမ်းမှုများကို ငြင်းဆန်ခဲ့သည်ဟု သတင်းတွင်ဖော်ပြခဲ့ပြီး Netflix ကမူ ယင်းလျော်ကြေးနှင့် ပတ်သက်၍ မှတ်ချက်ပြောကြားခဲ့ခြင်း မရှိသော်လည်း ပရိသတ်များအား ဖုန်းမခေါ်ဆိုကြရန် တိုက်တွန်းခဲ့ပြီး ဖုန်းနံပါတ်ကိုလည်း ပြင်ဆင်တည်းဖြတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်