
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားသည် ဩဂုတ် ၁၂ ရက်တွင် စတင်တာဝန်ထမ်းဆောင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
သံအမတ်ကြီး မစ္စမာကျား မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် သံတမန်ရေးရာဦးစီးဌာနမှ တာဝန်ရှိအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အဓိကသံတမန်အရာရှိများက လေဆိပ်တွင်ကြိုဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ ဩဂုတ် ၁၄ ရက်မှ ၁၅ ရက်အထိ လာရောက်မည်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။
မစ္စမာကျားသည် ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဖြစ်ကြောင်း သိရသည်။
မစ္စမာကျားသည် ရန်ကုန်တရုတ်သံရုံးတွင် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ မြောက်အိုင်ယာလန်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ သံရုံးများတွင်လည်း အဆင့်ဆင့်သော သံတမန်တာဝန်များကို ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
မစ္စ မာကျားသည် ၁၉၉၁ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စတင်ထမ်းဆောင်ခဲ့ပြီး အာရှရေးရာဦးစီးဌာနတွင် သံအရာရှိနှင့် တတိယအတွင်းဝန်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ် အထိလည်းကောင်း၊ တတိယအတွင်းဝန်နှင့် ဒုတိယအတွင်းဝန်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အထိလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂ဝဝ၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိလည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အထိ သံမှူးနှင့် သံမှူးကြီးအဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဟိုင်နန်ပြည်နယ် စန်းရှမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ်လည်းကောင်း အသီးသီးတာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၉ ခုနှစ်မှစတင်၍ မစ္စမာကျားသည် မြန်မာနိုင်ငံဆိုင်ရာ သံမတ်ကြီးအဖြစ်ခန့်အပ်ခံရသည့် အချိန်မတိုင်မီအထိ အိန္ဒိယနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်