
ကိုရီးယားထိပ်တန်းသရုပ်ဆောင်တစ် ဦးဖြစ်သည့်လီယောင်အေးသည် Bring Me Home ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ တစ်ကျော့ပြန်ဝင်ရောက်မည်ဟု ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။
‘‘ ဒီဇာတ်ကားက Sympathy for Lady Vengeance ဇာတ်ကားလိုမျိုး ကျွန်မ ရဲ့ အနုပညာသက်တမ်းမှာ အလှည့်အ ပြောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့် တယ်’’ ဟု လီက လျှို့ဝှက်ဆန်းကြယ် သည်း ထိတ်ရင်ဖိုဇာတ်ကား Bring Me Home ဇာတ်ကားအတွက် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ယင်းဇာတ်ကားသည် လီယောင်အေး အတွက် ၁၄ နှစ်အတွင်း ပထမဆုံးရိုက်ကူး မည့် ရုပ်ရှင်ဇာတ်ကားဖြစ်လာသည်။ဒါရိုက်တာ Kim Seung Woo ရိုက်ကူးသည့် Bring Me Home ဇာတ်ကားတွင် လီက ခြောက် နှစ်ကျော် ပျောက်ဆုံးနေသည့် သားဖြစ်သူ ကို ရှာဖွေသည့် မိခင်တစ်ဦးအဖြစ် သရုပ် ဆောင်ထားသည်။ လီသည် ၂၀၀၅ ခုနှစ်က ဖြန့်ချိခဲ့သည့် Sympathy for Lady Vengeance ဇာတ်ကားတွင်လည်း လူသတ် မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြစ်ဒဏ်ကျခံခဲ့ရမှုကို လက်တုံ့ပြန်ခဲ့သည့် မိခင်တစ်ဦးအဖြစ် ပါဝင် ခဲ့သည်။
‘‘ Bring Me Home က သည်းထိတ်ရင် ဖိုဇာတ်ကားဆိုပေမယ့် နွေးထွေးမှုရှိတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ပထမဆုံး ဖတ် ရတဲ့အချိန်မှာပဲ ကျစ်ကျစ်လစ်လစ်ရှိတဲ့ ဇာတ်ညွှန်းလို့ ခံစားမိတယ်။ဒီဇာတ်ကားက အချိန်ကြာစောင့်မျှော်နေရဖို့အတွက် ထိုက် တန်တဲ့ ဇာတ်ကားတစ်ကားလို့ ကျွန်မယုံ ကြည်တယ်’’ဟုအသက် ၄၈ နှစ်အရွယ်ရှိ လီ ယောင်အေးက ပြောကြားခဲ့သည်။
လက်တွေ့ဘဝတွင် မိခင်တစ်ဦးဖြစ် သောကြောင့် ဇာတ်ကားထဲတွင် အမေဇာတ် ကောင်အဖြစ် သရုပ်ဆောင်ရာတွင် ဘက် ပေါင်းစုံက ခံစားချက်များကို ခံစားဖော်ပြနိုင် ကြောင်း လီက ပြောကြားခဲ့သည်။
‘‘မိခင်တစ်ဦးဖြစ်တာ ရှစ်နှစ်လောက် ရှိပြီ၊ မိခင်တစ်ဦးရဲ့ ခံစားချက်တွေ၊ စိတ်ခံ စားချက်တွေကို ရုပ်ရှင်ဇာတ်ကားမှာ ဘယ် လို ဖော်ပြနိုင်မယ်ဆိုတာကို ကျွန်မ အရမ်း သိချင်ခဲ့တယ်။ အိမ်ထောင်မပြုခင်က ရုပ် ရှင်ဇာတ်ကားတွေကို ဇာတ်ကောင်နဲ့ ဇာတ် ကားအမျိုးအစားကို အဓိကထားပြီး လက်ခံ ခဲ့တယ်။ မိခင်တစ်ဦးဖြစ်လာတဲ့ အချိန်မှာ တော့ ကျွန်မရဲ့ ဇာတ်ကားတွေက လူတွေ အပေါ်မှာ သက်ရောက်မှုရှိအောင် ကြိုးစား ချင်တယ်’’ဟု လီ က ပြောကြားခဲ့သည်။
Bring Me Home ဇာတ်ကားသည် ယခုနှစ် တိုရွန်တိုအပြည်ပြည်ဆိုင်ရာရုပ် ရှင်ပွဲတော်တွင် ပြသရန် ဖိတ်ကြားခံခဲ့ရ သည်။ ယင်းဇာတ်ကားကို နိုဝင်ဘာ ၂၇ ရက် တွင် တောင်ကိုရီးယား၌ ဖြန့်ချိမည်ဖြစ်သည်။
၂၀၀၃ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Daejanggeum ဇာတ်လမ်းတွဲဖြင့် နိုင်ငံ တကာတွင် ကျော်ကြားခဲ့သည့် လီသည် ၂၀၀၉ ခုနှစ်တွင် ကိုရီးယား-အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး နှစ်နှစ်အကြာတွင် ကလေးအမြွှာ မွေးဖွား ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်