
တေးသံရှင် စန္ဒီမြင့်လွင်နှင့် ဆိုဖီယာအဲဗရက်စ်တို့ ပါဝင်တင်ဆက်မည့် One on One ဂီတဖျော်ဖြေပွဲအား Nine Planets Entertainment ၏ စီစဉ်မှုဖြင့် ဒီဇင်ဘာ ၇ ရက် တွင် မန္တလေးမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တေးသံရှင် စန္ဒီမြင့်လွင်သည် သမီးငယ်အား မွေးဖွားပြီးနောက် ပထမဆုံး ပြန်လည်သီဆိုမည့် ရှိုးပွဲဖြစ်ကာ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
“ ဒီးဒီအနေနဲ့ အရှေ့မှာ Concert အသေးဆိုပေမယ့် ကလေးမွေးဖွားပြီးတဲ့အချိန်မှာ Concert အကြီးအနေနဲ့ ပထမဆုံးဆိုဖြစ်တဲ့ပွဲပါ။ ဒီးဒီကြိုးစားနေပါတယ်။ ဒီထက် အချိန်ပိုရခဲ့မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ ကိုယ်က အရမ်းလည်းဆိုချင်နေတယ်၊ တခြားအလုပ်တွေလည်းရှိသလို ကလေး တစ်ဖက်နဲ့လည်း ဖြစ်တော့ တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားသွားပါမယ်။ နှစ်ယောက်တွဲ အယ်လ်ဘမ်လည်း အသံသွင်းနေတယ်ဆိုတော့ အဲဒီထဲကသီချင်း တချို့လည်း ဆိုဖြစ်မယ်။ မန္တလေးက ပရိသတ်တွေနဲ့လည်း တွေ့ဆုံချင်ပါတယ်” ဟု စန္ဒီမြင့်လွင်က ဆိုသည်။
တေးသံရှင် ဆိုဖီယာအဲဗရက်စ်ကလည်း “ ပထမဆုံး Music Concert ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားပါတယ်။ ပြင်ဆင်ထားတာတော့ တောက်လျှောက် ပြင်ဆင်နေတယ်။ မဒီးက အလုပ်အရမ်းကြိုးစားတယ်။ သူနဲ့ အယ်လ်ဘမ်လုပ်တဲ့အခါလည်း သီချင်းအပေါ်မှာ ဇွဲရှိတယ်။ ဂျူနီယာတစ်ယောက် အနေနဲ့ အတုယူစရာတွေ အများကြီးရှိတယ်။ အဆိုတော် မလုပ်ခင်ကတည်းကလည်း ကြိုက်ခဲ့ရတဲ့ စီနီယာတစ်ယောက်နဲ့ တွဲပြီး ဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒီပွဲက Unplugged ပုံစံမဟုတ်ဘဲ အမြူးလေးတွေ လုပ်မှာဖြစ်တဲ့အတွက် ပရိသတ်တွေမြူးကြွတဲ့ ရသကို ရရှိစေမှာပါ။ လာခဲ့စေချင်ပါတယ်” ဟု ဆိုသည်။
One on One Concert တွင် တေးသံရှင် စန္ဒီမြင့်လွင်နှင့် ဆိုဖီယာအဲဗရက်စ်တို့က တစ်ဦးချင်း၏ ထင်ရှားသည့် တေးသီချင်းများအား ဖျော်ဖြေမည်ဖြစ်ကာ နှစ်ယောက်တွဲ ဖက်တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်