
တေးသံရှင် အများအပြား ပါဝင်တင်ဆက်မည့် တန်ဆောင်တိုင်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်ကို မဟာဗန္ဓုလပန်းခြံတွင် နှစ်ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး တေးသံရှင် ဟဲလေး၊ အောင်ထက်၊ လွှမ်းပိုင်၊ ရဲလေး၊ ဝေကြီး၊ မိစန္ဒီ၊ ရတနာမိုင်၊ ၀ိုင်းလေး၊ ဆိုဖီယာ တို့က တေးသီချင်းများစွာဖြင့် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲတွင် ဇွဲအငြိမ့်တင်ဆက်မှုလည်း ထည့်သွင်းမည်ဖြစ်ကာ ဖျော်ဖြေရေးအစီအစဉ်များအား ညနေ ၅ နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော့်ရဲ့တန်ဆောင်တိုင် ဖျော်ဖြေရေးအစီအစဉ် ရှိပါတယ်။ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်မှာပါ။ ဒီပွဲမှာ ကျွန်တော်နဲ့အတူ တခြားသောတေးသံရှင်တွေလည်း ပါဝင်တင်ဆက်ကြပါမယ်။ တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲကို သီချင်းတွေအများကြီးနဲ့ ဖြတ်သန်းရမှာဆိုတော့ လာရောက်အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု တေးသံရှင် လွှမ်းပိုင်က ဆိုသည်။
တေးသံရှင် မိစန္ဒီကလည်း “ မိစန္ဒီတို့ ရန်ကုန်ပရိသတ်တွေနဲ့ ရှိုးပွဲအကြီး မဆိုဖြစ်တာ နည်းနည်းကြာသွားပါပြီ။ ဒါကြောင့်အခု တန်ဆောင်တိုင်မှာ လုပ်မယ့်ပွဲလေးမှာ မိစန္ဒီရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး ပျော်ပျော်ပါးပါး ဖျော်ဖြေချင်ပါတယ်။ အားလုံးအတူတူ လာရောက်ပါဝင်ဆင်နွှဲဖို့လည်း ဖိတ်ခေါ်ပါတယ်။ မိစန္ဒီရဲ့ အသစ်ထွက်ထားတဲ့ အယ်လ်ဘမ်က သီချင်းတွေရော၊ သီချင်းဟောင်းလေးတွေနဲ့ပါ ဖျော်ဖြေသွားမှာပါ။ တူတူလာရောက် သီဆိုရင်း ဖြတ်သန်းနိုင်ပါတယ်” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်