
ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ BTS သည် Billboard 200 စာရင်းတွင် တစ်နှစ်ကြာဖော်ပြခံခဲ့ရသည့် ပထမဆုံး ကေပေါ့ပ်အဆိုတော်အဖွဲ့ ဖြစ်လာခဲ့သည်ဟု Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည်။
Bangtan Boys ဟုလည်း ခေါ်ဆိုသည့် BTS အဖွဲ့၏ Love Yourself: Answer အယ်လ်ဘမ်သည် နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်ခဲသည့် Billboard အယ်လ်ဘမ် ရောင်းချမှုစာရင်းတွင် နံပါတ် ၁၆၅ နေရာ၌ ဖော်ပြခံခဲ့ရသည်။
၂၀၁၈ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ဖြန့်ချိခဲ့သည့် ယင်းအယ်လ်ဘမ်သည် Billboard 200 စာရင်းတွင် သီတင်းပတ် ၅၂ ပတ် ဖော်ပြခံခဲ့ရသည်ဟု Billboard မဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအယ်လ်ဘမ်သည် ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်၌ BIllboard ၏ အဆိုပါစာရင်းတွင် နံပါတ် ၁ အဖြစ် ဖော်ပြခံခဲ့ရသည်။
BTS အဖွဲ့၏ Map of the Soul: Persona အယ်လ်ဘမ်သည်လည်း ယခုသီတင်းပတ်တွင် Billboard 200 စာရင်း၏နံပါတ် ၁၄၉ နေရာတွင် ဖော်ပြခံခဲ့ရသည်။ ယင်းအယ်လ်ဘမ်သည်လည်း အဆိုပါစာရင်းတွင် ဖော်ပြခံရသည်မှာ သီတင်းပတ်၂၅ ပတ် ကြာပြီ ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် အမျိုးသားအဆိုတော် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် BTS အဖွဲ့သည် ၎င်းတို့၏ သီချင်းအများစုကို ကိုယ်တိုင်ရေးသားခဲ့သည်။ မူလက ဟစ်ဟော့ပ်အဖွဲ့အဖြစ် ဖွဲ့စည်းသော်လည်း နောက်ပိုင်းတွင် ဂီတအမျိုးအစားများ ပြောင်းလဲလာခဲ့သည်။ ၎င်းတို့၏ သီချင်းစာသားများသည် ကိုယ်ရေးကိုယ်တာ၊ လူမှုရေးဝေဖန်သုံးသပ်ချက်၊ စိတ်ကျန်းမာရေး၊ ကျောင်းနေအရွယ်လူငယ်များ၏ ပြဿနာများ စသည့်အကြောင်းအရာများကို အဓိကထား ရေးသားလေ့ ရှိသည်။
အချိန်တိုအတွင်း ကမ္ဘာတစ်ဝန်း အောင်မြင်မှုရရှိသည့် ကေပေါ့ပ်အဆိုတော်အဖွဲ့ ဖြစ်လာခဲ့သည့် BTS အဖွဲ့သည် ယူနီဆက်ဖ်နှင့် ပူးပေါင်းပြီး အကြမ်းဖက် ဆန့်ကျင်ရေးလှုပ်ရှားမှု Love Myself ကို စတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် မိန်ခွန်းပြောကြားခွင့် ရရှိခဲ့သည်။ ယင်းအဖွဲ့သည် ကိုရီးယားယဉ်ကျေးမှုနှင့် ဘာသာစကားကို ကမ္ဘာတစ်ဝန်းပျံ့နှံ့စေရန် ဆောင်ရွက်ခဲ့မှုများအတွက် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပေးအပ်သည့် Order of Cultural Merit ကို ရရှိသည့် အသက်အငယ်ဆုံး အဆိုတော်အဖွဲ့လည်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်