
တေးသံရှင် ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ နီနီခင်ဇော်နှင့် ဖြိုးပြည့်စုံတို့ ပါဝင်တင်ဆက်မည့် မန္တလာဂီတညဖျော်ဖြေပွဲကို နိုဝင်ဘာ ၉ ရက်တွင် မန္တလေးမြို့အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို မန္တလာဆေးရုံကြီး၏ ငွေရတု အထိမ်းအမှတ်အဖြစ် တင်ဆက်မည်ဖြစ်ကာ ဆရာဝန်အနုပညာရှင်များက ပါဝင်တင်ဆက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
“ မန္တလာဆေးရုံရဲ့ ၂၅ နှစ်ပြည့်ငွေရတု အစီအစဉ်ကို တင်ဆက်ပါမယ်။ ဆရာဝန် အဆိုတော်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ တခဲနက် လက်မှတ်အားပေးခဲ့တာကြောင့်ပါ။ ပါဝင်တဲ့ အနုပညာရှင်တွေက ဖျော်ဖြေပွဲအတွက်ကို ပြင်ဆင်နေကြပါပြီ။ အခမ်းအနားမှူးအဖြစ် မတင်မိုးလွင်က တင်ဆက်ပါမယ်။ လာရောက်ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ဖျော်ဖြေပွဲအား စီစဉ်သည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပါဝင်တင်ဆက်မည့် တေးသံရှင်ချစ်သုဝေကလည်း “ အခုကတော့ ပွင့်လင်းရာသီဖြစ်တော့ ပွဲတွေဆက်တိုက်တက် ဖြစ်တယ်။ အကျိုးရှိစေမယ့် ဆွေးနွေးပွဲလေးတွေဆိုလည်း တတ်နိုင်သလောက် ပါဝင်ပေးဖြစ်တယ်။ ရှိုး ဆိုတာကိုလည်း လက်ခံထားတာလေးတွေ ရှိတယ်။ ပရိသတ်တွေနဲ့အတူm ဆုံချင်ပါတယ်။ သီချင်းတွေလည်း အများကြီးဆိုပြချင်တယ်။ Music Video အသစ်လေးတွေလည်း တင်ပေးထားတာတွေ ရှိပါတယ်” ဟု ပြောကြားသည်။
မန္တလာဂီတညဖျော်ဖြေပွဲတွင် ပါဝင်သည့် တေးသံရှင်များက ထင်ရှားခဲ့သည့် တေးသီချင်းများစွာအား ပရိသတ်များနှင့် အပေးအယူမျှမျှ တင်ဆက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ဖျော်ဖြေပွဲအတွက် သီချင်းတိုက်ပြင်ဆင်မှုများလည်း ပြုလုပ်လျက်ရှိကာ ဖျော်ဖြေပွဲကို ည ရနာရီအချိန်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ မန္တလာဂီတညဖျော်ဖြေပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များအပြင် အခြားထူးခြားသော အစီအစဉ်များလည်း ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကာ ဖျော်ဖြေပွဲသို့ လာရောက်အားပေးရန်အတွက် ဖိတ်ခေါ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်