
Myanmar Idol Season 4 ၏ Live Show ယှဉ်ပြိုင်မှု ဒုတိယပတ်တွင် ပြိုင်ပွဲဝင် ၁၀ ဦးက ရော့ခ်တေးသီချင်းများဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်အများအပြား စောင့်ကြည့် အားပေးခဲ့ကြသည်။ ယခုတစ်ပတ် ယှဉ်ပြိုင်မှုတွင် တစ်ခေတ်တစ်ခါက ထင်ရှားခဲ့သည့် ရော့ခ်တေးသီချင်းများအား ပြန်လည်ခံစား သီဆိုခဲ့ကြသည့်အပြင် လက်ရှိ လူငယ်များကြားတွင် ပျံ့နှံ့မှုများစွာ ရရှိထားသည့် တေးသီချင်းများဖြင့်လည်း ရွေးချယ်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀ ဦး၏ သီဆိုယှဉ်ပြိုင်မှုများအပေါ် အကဲဖြတ်ဒိုင်များ ဖြစ်သည့် တေးသံရှင် အောင်ကိုလတ်၊ တင်ဇာမော်နှင့် ဖြူဖြူကျော်သိန်းတို့က အားနည်းချက် အားသာချက်များအား ဝေဖန်ထောက်ပြခဲ့ကြသည်။
“ အခုတစ်ပတ်ဆိုရတဲ့သီချင်းက အရင်က မကြားဖူးဘူး။ အဆပေါင်းများစွာ လေ့ကျင့်ရတယ်။ သူငယ်ချင်းတွေဆီကလည်း သင်ယူရသလို တီချယ််တို့ကလည်း အများကြီးသင်ပေးတယ်။ အဲဒီအပေါ်မှာ အများကြီးလေ့ကျင့်ပြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ပရိသတ်တွေလည်း ကျွန်တော်တို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး Voting ပေးကြပါလို့ ပြောချင်ပါတယ်။ သူငယ်ချင်းတွေ ဖြစ်တဲ့အတွက် တစ်ယောက်ထွက်ရမယ် ဆိုတဲ့အခါ ရင်ထဲမှာ မကောင်းပါဘူး။ ပြိုင်ပွဲရဲ့သဘာဝဖြစ်တဲ့အတွက် စိတ်ထဲမှာတော့ ပြင်ဆင်ထားပါတယ်” ဟု ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ Benjamin Sum က ဆိုသည်။
Myanmar Idol Season 4 ၏ ရော့ခ်တေးသီချင်းများဖြင့် ယှဉ်ပြိုင်မှုတွင် ရော့ခ်တေးသီချင်းဟောင်း အများစုဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များမှာ ကိုယ်ပိုင်ဟန်ဖြင့် ပြောင်းလဲသီဆို ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုများအပြီးတွင် ပရိသတ်များက Voting ပေးအပ်ခဲ့ကြခြင်းဖြစ်ကာ နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် Result Show ကို ကျင်းပခဲ့သည်။ Result Show တွင် Voting ရမှတ်များကို ကြေညာပေးခဲ့ပြီး Voting ရမှတ်အနည်းဆုံး ပြိုင်ပွဲဝင်တစ်ဦး ထွက်ပေါ်ခဲ့သည်။ အဆိုပါပြိုင်ပွဲဝင်အနေဖြင့် Save Song သီဆိုကာ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံတစ်ဝန်းမှ ပရိသတ်များ အားပေးကြည့်ရှုလျက်ရှိသော အစီအစဉ်တစ်ခုဖြစ်ပြီး မတူကွဲပြားသည့် Theme များဖြင့် ဆက်လက်ယှဉ်ပြိုင်မည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်