
နိုင်ငံတကာတွင်ပြသအောင်မြင်လျက်ရှိသည့် MALEFICENT: Mistress of Evil (3D) ဇာတ်ကားကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများအပြား၌ အောက်တိုဘာ ၂၄ ရက်မှစတင်ကာ ရုံတင်ပြသထားသည်ဟု သိရသည်။
အဆိုပါ MALEFICENT: Mistress of Evil (3D) ဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ အောက်တိုဘာ ၂၀ ရက်မှစတင်ကာ ရုံတင်ပြသခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည် ပွဲဦးထွက်မှာပင် ဝင်ငွေ ၃၆ သန်းရရှိခဲ့ပြီး ယခုသတင်းပတ်မှာပင် မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့သည်။
Moor လူမျိုးတို့ကို ကာကွယ်သူတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်ထားသည့် Maleficent ၏ ချစ်ရသော မွေးစားသမီးလေး Aurora အား ဘုရင့်သားတော်တစ်ဦးဖြစ်သည့် Phillip က ချစ်ခွင့်ပန်ခဲ့သည်။ Aurora ကလည်း Phillip အား လက်ခံခဲ့သည့်အတွက် ထင်မှတ်မထားသည့်အဖြစ်များ ဖြစ်လာခဲ့တော့သည်။
Phillip ၏ မိခင်ဘုရင်မကြီး Ingrith သည် သားဖြစ်သူ၏ မင်္ဂလာဆောင်ကိုအသုံးချကာ လူသားများနှင့် နတ်သား၊ နတ်သမီးများကြားမှ ပတ်သက်ဆက်နွယ်မှုများကို ထာဝရခြားနားကွဲကွာသွားစေရန်အတွက် အစီအစဉ်များ ပြုလုပ်နေခဲ့သည်။
ထိုသို့သောအခြေအနေများတွင် မွေးစားမိခင်ဖြစ်သူ Maleficent နှင့် သမီးငယ် Aurora တို့နှစ်ဦးကြားတွင် ချည်နှောင်ထားသည့် မိသားစုသံယောဇဉ်သည်လည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ သားအမိနှစ်ဦးအကြားတွင် စကားများမှု၊ အငြင်းပွားမှုနှင့် စိတ်သဘောထားမတိုက်ဆိုင်မှုများလည်း တင်းမာသည့်အနေအထားများ ဖြစ်လာခဲ့ပြီးသည်။ ယင်းအနေအထားတွင် သူတို့နှစ်ဦး၌ သားအမိချစ်ခြင်းမေတ္တာ အမှန်တကယ်ရှိ မရှိ အဖြေရှာရသည်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားသည်။
MALEFICENT: Mistress of Evil (3D) ဇာတ်ကားဒါရိုက်တာ Joachim Ronning ရိုက်ကူးပြီး Angelina Jolie, Elle Fanning, Imelda Staunto, Harris Dickinson, Michell Pfeiffe တို့ အဓိက ပါဝင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ မင်္ဂလာ(စံပြ၊ တာမွေ၊Gold Class)၊ Mega Ace (ကန်သာယာ၊ Capital)၊ JCGV၊ မန္တလေးရှိ မင်္ဂလာ ဒိုင်းမွန်း၊ JCGV တို့အပြင် တောင်ကြီးနှင့် မုံရွာမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်း ရုံတင်ပြသထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်