
ကမ္ဘာတစ်ဝန်းအောင်မြင်မှုရရှိခဲ့ သည့် ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ BTS က ဆိုးလ်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲများကို အာရှခြောက်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု ယင်းအဖွဲ့၏ အေဂျင်စီ Big Hit Entertainment က အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆိုးလ်ရှိ အိုလံပစ်အားကစားရုံတွင် အောက်တိုဘာ ၂၆၊ ၂၇ နှင့် ၂၉ တို့တွင် ပြုလုပ် မည့်ဖျော်ဖြေပွဲသုံးပွဲသည် BTS အဖွဲ့၏ Love Yourself: Speak Yourself ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်၏ နောက်ဆုံးဖျော်ဖြေပွဲများဖြစ်သည်။
အောက်တိုဘာ ၂၆ ရက်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကို တောင်ကိုရီးယား၏ အကြီးဆုံးအင်တာနက်ဝက်ဘ်ဆိုက် Naver ၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သည့် ဝန်ဆောင်မှုဖြစ်သည့် VLive တွင် ထုတ်လွှင့်မည်ဟု Big Hit Entertainment ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖျော်ဖြေပွဲကြည့်ရှုရန်အတွက် လိုအပ်သည့် coin ၁၅၀၀ အတွက် ၂၈ ဒေါ်လာ( ဝမ် ၃၃၀၀၀)ကုန်ကျမည်ဖြစ်သည်။
အောက်တိုဘာ ၂၇ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲကို တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူနှင့် ထိုင်းတို့အပါအဝင် အာရှခြောက်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေပွဲကို အမေရိကန်ရုပ်ရှင်ရုံများတွင်လည်း ပြသမည်ဖြစ်သော်လည်း တောင်ကိုရီးယားနှင့် အမေရိကန်အကြား အချိန်ကွာဟမှုကြောင့် အမေရိကန်တွင် နာရီအနည်းငယ်ခြားပြီး ပြသမည်ဟု Big Hit က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်မည့် နောက်ဆုံးဖျော်ဖြေပွဲကို ဖျော်ဖြေပွဲလာ ပရိသတ်များသာ ကြည့်ရှုခွင့်ရမည်ဟု Big Hit ၏ ထုတ်ပြန်ချက်အရ သိရသည်။အမျိုးသား အဆိုတော် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် BTSအဖွဲ့သည် Love Yourself ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်တွင် စတင်ခဲ့ပြီး အမေရိက၊ ဥရောပနှင့် အာရှရှိ အဓိကမြို့ကြီးများအပြင် ဆော်ဒီအာရေဗျနိုုင်ငံ၏ မြို့တော် ရီယာ့ဒ်တွင်ပါ ဖျော်ဖြေခဲ့သည်။
BTS အဖွဲ့သည် တတိယမြောက် စတူဒီယိုအယ်လ်ဘမ် Love Yourself: Tear ကို ဖြန့်ချိခဲ့ပြီးနောက် ယင်းဖျော်ဖြေပွဲခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် မေတွင် ဖြန့်ချိခဲ့သည့် ယင်းအယ်လ်ဘမ်သည် Billboard အယ်လ်ဘမ် ၂၀၀ စာရင်း၏ နံပါတ် ၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်