
ဒါရိုက်တာကွန်တင်တာရန်တီနို၏ Once Upon a Time in Hollywood ဇာတ်ကားကို ဇာတ်ဝင်ခန်းအသစ် လေးခန်းအပါအဝင် ၁၀ မိနစ်စာကြာသည့် ဇာတ်ဝင်ခန်းများ ထည့်သွင်းပြီး အောက်တိုဘာ ၂၅ ရက်တွင် ပြန်လည်ဖြန့်ချိမည်ဟု Sony ရုပ်ရှင်လုပ်ငန်းက ထုတ်ပြန်ခဲ့သည်။
ပြသချိန်ပိုမိုကြာမြင့်သည့် Once Upon a Time in Hollywood ဇာတ်ကားကို အောက်တိုဘာ ၂၅ ရက်တွင် မြောက်အမေရိကရှိ ရုပ်ရှင်ရုံ ၁၀၀၀ ခန့်တွင် စတင်ပြသမည်ဖြစ်သည်။ ယခင်ဖြန့်ချိခဲ့သည့်ဇာတ်ကားသည် ပြသချိန် စုစုပေါင်း ၁၆၁ မိနစ်ကြာမြင့်သည်။
“ပရိသတ်တွေက ဒီဇာတ်ကားကို အလွန်အမင်း အားပေးခဲ့ကြတယ်။ ဒီဇာတ်ကားကို ပိုမိုများပြားတဲ့ မြင်ကွင်းတွေ၊ အသံတွေနဲ့ ဧရာမပိတ်ကားထက်မှာ ကြည့်ရဖို့ သူတို့ကို နောက်ထပ်အခွင့်အလမ်းပေးဖို့ ကျွန်တော်တို့စီစဉ်ခဲ့ကြတယ်” ဟု ဆိုနီ၏ ပြည်တွင်းဖြန့်ချိရေးဥက္ကဋ္ဌ အက်ဒရီရန်စမစ်က ပြောကြားခဲ့သည်။
တရုတ်ဆင်ဆာအဖွဲ့ ကျေနပ်မှုရှိစေရန်အတွက် Once Upon a Time in Hollywood ဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို ပြန်လည်ဖြတ်တောက်မည်မဟုတ်ဟု တာရန်တီနိုက ပြောကြားခဲ့ပြီးနောက် အဆိုပါကြေညာချက်ကို ဆိုနီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Once Upon a Time in Hollywood ဇာတ်ကားတွင် ဘရုစ်လီအကြောင်းရိုက်ကူးထားသည့် ဇာတ်ဝင်ခန်းနှင့်ပတ်သက်ပြီး ဘရုစ်လီ၏သမီးက မကျေနပ်ကြောင်း ပြောကြားခဲ့ပြီးနောက် တရုတ်တွင် ယင်းဇာတ်ကားဖြန့်ချိမှု နှောင့်နှေးခဲ့ရသည်။
တရုတ်တွင် မဖြန့်ချိရသေးသော်လည်း ယင်းဇာတ်ကားသည် Django Unchained ဇာတ်ကားပြီးလျှင် တာရန်တီနို၏ ဒုတိယမြောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ခဲ့သည်။ ၁၉၆၉ ခုနှစ်က လော့စ်အိန်ဂျလိစ်ကို ဇာတ်အိမ်ပြုရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် လီယိုနာဒိုဒီကာပရီယို၊ ဘရက်ပစ်၊ မာဂိုရော့ဘီ၊ အော်စတင်ဘက်တ်လာ၊ အယ်လ်ပါချီနို၊ ဒါကိုတာဖန်းနင်း၊ လုခ်ပယ်ရီ၊ Bruce Dern, Emile Hirsch နှင့် Timothy Olyphant တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားသည် ၂၀၁၉ ခုနှစ် မတ်တွင် သေဆုံးခဲ့သည့် လုခ်ပယ်ရီ နောက်ဆုံးသရုပ်ဆောင်ခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။ ဇူလိုင် ၂၆ ရက်တွင် ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၃၆၈ သန်းကျော် ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်