
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စ မာကျားအား ခန့်အပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် မစ္စမာကျားအားခန့်အပ်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်ကြောင်း သြဂုတ် ၁၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြမှုအရ သိရသည်။
မစ္စမာကျားသည် ၁၉၆၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ယုံးဂျီမြို့ ရှန်ရှီးပြည်နယ်တွင် မွေးဖွားခဲ့ပြီး တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ကာ ၁၉၉၁ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စတင်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပရှိ တရုတ်သံရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မစ္စမာကျားသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနတွင် သံအရာရှိနှင့် တတိယအတွင်းဝန်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိလည်းကောင်း၊ တတိယအတွင်းဝန်နှင့် ဒုတိယအတွင်းဝန်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အထိလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂ဝဝ၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိလည်းကောင်း အသီးသီးတာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ထို့အတူ မစ္စမာကျားသည် ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂ဝဝ၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ စင်ကာပူနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၃ ခုနှစ် အထိ ဗြိတိန်နိုင်ငံနှင့် မြောက်အိုင်ယာလန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးနှင့်သံမှူးကြီးအဖြစ်လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် မစ္စမာကျားသည် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် စန်းရှမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ လက်ရှိအထိ အိန္ဒိယနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်