
အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကား ၂၅ ကားအား ထုတ်ပြန်ထားသော်လည်း ယင်းဇာတ်ကားများအားလုံးထဲမှာ အကယ်ဒမီဆုများရရှိမည် မဟုတ်ဘဲ အရည်အချင်း ပြည့်မီသည့်ဇာတ်ကားမှသာ ဆုများရွေးချယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောကြားထားသည်။ ယခင်နှစ်များက အကယ်ဒမီထူးချွန်ဆုများ ရွေးချယ်ရာတွင် ဆန်ခါတင်ဇာတ်ကား စာရင်းအား ကြိုတင်ထုတ်ပြန်ခြင်းမပြုဘဲ ဆုကြေညာမည့်အချိန်မှသာ ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုနှစ်တွင်မူ ဒုတိယအဆင့်သို့ တက်လှမ်းသွားနိုင်သည့် အကယ်ဒမီစာရင်းဝင်ဇာတ်ကား ၂၅ ကားစာ ရင်းအားထုတ်ပြန်ထားခြင်း ဖြစ်သည်။
“အကယ်ဒမီဆုရွေးချယ်မှု ဒုတိယအဆင့်ကို ပါဝင်သွားတဲ့ ဇာတ်ကားစာရင်းကို ထုတ်ပြန်ထားတယ်ဆိုတာက အကယ်ဒမီဆု ရွေးချယ်ရေးဒုတိယအဆင့်မှာတော့ ဒီဇာတ်ကားတွေက အဆင့်မီတယ်။ ဒါပေမဲ့ ဒီဇာတ်ကားအားလုံးက ဆုဝင်မယ်ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဒီ ၂၅ ကားကိုအကြိမ်ကြိမ် အထပ်ထပ်ကြည့်ရှုပြီး တကယ့်ကိုအရည်အသွေးပြည့်မီတဲ့ ဇာတ်ကားကတော့ ဆုရွေးချယ်မှုခံရမှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာလည်း တစ်ကားတည်းကနေ ဆုတွေအများ ကြီးရသွားတာမျိုးလည်း ဖြစ်နိုင်သလို တစ်ကားကနေ တစ်ဆုတည်းပဲရတာလည်းဖြစ်နိုင်တယ်။ ဒါကတော့ ဇာတ်ကားမှာပါဝင်တဲ့ အခန်းကဏ္ဍတစ်ခုချင်းစီရဲ့ ထူးချွန်ပြောင်မြောက်မှုအပေါ်ပဲ မူတည်ပါတယ်။ ဇာတ်ကားတစ်ကားမှာ အသံအရည်အသွေး ကောင်းမွန်တယ်၊ တစ်နှစ်တာလုံးအတွက် အကောင်းဆုံးလို့ သတ်မှတ်ခံရရင် အသံဆုရမှာပါပဲ။ တခြားကဏ္ဍတွေကအဆင့်မမီဘူး၊ အခြားဇာတ်ကားတွေက ပိုမိုကောင်းမွန်တယ်ဆိုလည်း တခြားဇာတ်ကားကရမှာပါ။ အဓိကတော့အခုနှစ်က အရည်အသွေး ကောင်းမွန်တဲ့ ဇာတ်ကားလည်းများတာကြောင့် တော်တော်လေးကို အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အနေအထားတော့ရှိပါတယ်” ဟု အကယ်ဒမီထူးချွန်ဆု စိစစ်ရွေးချယ်ရေးအကဲဖြတ်အဖွဲ့၏ ဥက္ကဋ္ဌဦးကြည်စိုးထွန်းက ဆိုသည်။
၂၀၁၈ ခုနှစ်အတွက်ပေးအပ်သွားမည့် အကယ်ဒမီထူးချွန်ဆုအတွက် တစ်နှစ်တာလုံးတွင်ပြသခဲ့သည့် ဇာတ်ကား ၈၃ ကားရှိခဲ့ကာ ယင်းဇာတ်ကားများအား အကြိမ်ကြိမ် စိစစ်ခဲ့ပြီးနောက် ဒုတိယအဆင့်ထပ်မံစိစစ်ရန်အတွက် အရည်အသွေးပြည့်မီသည့် ဇာတ်ကား ၂၅ ကားအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်