
ပြင်သစ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် အစ္စရေးလူငယ်တစ်ဦးအကြောင်း ရိုက်ကူးထားသည့် Synonyms ဇာတ်ကားသည် ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့သည့် (၆၉) ကြိမ်မြောက် ဘာလင်ရုပ်ရှင်ဆုပေးပွဲတွင် အမြင့်ဆုံးဆုဖြစ်သည့် ရွှေဝက်ဝံဆုကို ဆွတ်ခူးခဲ့သည်။
စွန့်စားမှု၊ လိင်အသားပေးအကြောင်းအရာများ ပါဝင်သည့် Synonyms ဇာတ်ကားသည် မွေးရပ်မြေ အစ္စရေးနိုင်ငံတွင် အရာမသွင်းခံရသည့် ဇာတ်ကားဖြစ်နိုင်ခြေရှိသော်လည်း ၎င်းအတွက်မူ ကြီးမားသည့် အောင်ပွဲခံမှုတစ်ခုဟု ဒါရိုက်တာ Nadav Lapid က ပြောကြားခဲ့သည်။
ခရစ်ယာန်ဘုရားကျောင်းတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသူများ၏ ဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားသည့် ပြင်သစ်ဒါရိုက်တာ Francois Ozon ၏ By the Grace of God ဇာတ်ကားက Jury Grand Prix (ငွေဝက်ဝံဆု) ကို ဆွတ်ခူးခဲ့သည်။
တရုတ်နိုင်ငံ၏ တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကြောင့် သားဖြစ်သူသေဆုံးပြီးနောက် ဘဝတွင် အလှည့်အပြောင်းများ ကြုံတွေ့ခဲ့ရသည့် မိသားစုအကြောင်း ရိုက်ကူးထားသည့် So Long, My Son ဇာတ်ကားတွင် ပါဝင်သည့် ဝမ်ကျင်ချွန်နှင့် ယုန်မေတို့က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုနှင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။
ယခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်၏ ရွှေဝက်ဝံဆုနှင့် ငွေဝက်ဝံဆုအတွက် ယှဉ်ပြိုင်သည့်ကဏ္ဍတွင် မူလက ကျန်းယိမူ၏ Yi miao zhong (One Second) ဇာတ်ကားပါဝင်ခဲ့သော်လည်း ဆင်ဆာခွင့်ပြုချက် မရသဖြင့် ရုပ်သိမ်းခဲ့ရသည်။
ဗင်းနစ်နှင့် ကိန်းရုပ်ရှင်ပွဲ တော်တို့နှင့်အတူ ဥရောပ၏ ထိပ်တန်းရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သော ဘာလင် ရုပ်ရှင်ပွဲတော်ကို ဖေဖော်ဝါရီ ၇ ရက် မှ ၁၇ ရက်အထိ ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ဇာတ်ကား ၄၀၀ ကို ပြသခဲ့သည်။
ယခုနှစ် ရွှေဝက်ဝံဆုနှင့် ငွေဝက်ဝံဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ဇာတ်ကား ၁၆ ကားတွင် အမျိုးသမီး ဒါရိုက်တာများ၏ ဇာတ်ကားခုနစ်ကားအထိ စံချိန်တင်ပါဝင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်