
YLJK Entertainment ၏ တစ်နှစ်ပြည့်အမှတ်တရအဖြစ် Crowd on Cloud ဟု အမည်ပေးထားသည့် Mini Concert ကို မတ်လဆန်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ တေးသံရှင်ရဲလေးနှင့် ဂျိုကာတို့ ညီအစ်ကိုနှစ်ဦး တည်ထောင်ထားသည့် YLJK Entertainment ၏ တစ်နှစ်ပြည့် အမှတ်တရအဖြစ် တင်ဆက်ရန်စီစဉ်ထားခြင်း ဖြစ်သည်။ ယင်းဂီတဖျော်ဖြေပွဲကို မတ် ၂ ရက်တွင် ရန်ကုန်မြို့ Hard Rock Café ၌ ကျင်းပမည်ဖြစ်ကာ တေးသံရှင်ရဲလေး၊ ဂျိုကာ၊ Rio၊ NJ၊ နင်ဇီမေ၊ မြတ်အမရာမောင်၊ RB2၊ Double J တို့ ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ YLJK Entertainment ရဲ့ တစ်နှစ်ပြည့်အမှတ်တရအနေနဲ့ ဂီတဖျော်ဖြေပွဲတစ်ပွဲ ကျင်းပဖို့စီစဉ်ထားပါတယ်။ ကျွန်တော်တို့အတူတူ အနုပညာဖန်တီးမှုတွေ လုပ်ခဲ့ကြတဲ့ လူငယ်အနုပညာရှင်တွေလည်း ပါဝင်တင်ဆက်ကြမယ်။ ကျွန်တော်နဲ့ ဂျိုကာလည်း ပါဝင်ပါမယ်။ Crowd on Cloud လို့ နာမည်ပေးထားပါတယ်။ မတ် ၂ ရက်မှာ Hard Rock Café မှာ တင်ဆက်မှာပါ။ အိမ်ပြန်နောက်ကျမှာစိုးရိမ်တဲ့ ညီလေးတွေ ညီမလေးတွေအတွက်လည်း စိုးရိမ်စရာမရှိအောင်ပွဲကို နေ့လယ် ၂ နာရီကတည်းက စတင်ဖို့စီစဉ်ထားပါတယ်။ ပျော်စရာသီချင်းတွေ၊ အမိုက်စားတင်ဆက်မှုတွေ ပါဝင်မှာဖြစ်လို့ အားလုံးအတူတူတွေ့ဆုံချင်ပါတယ်” ဟု တေးသံရှင် ရဲလေးကဆိုသည်။
တေးသံရှင်ရဲလေးနှင့် ဂျိုကာတို့ တည်ထောင်ထားသည့် YLJK Entertainment တွင် ညီအစ်ကိုနှစ်ဦး တွဲဖက်ဖန်တီးထားသည့် အနုပညာဖန်တီးမှုများ၊ တေးသံရှင် ရဲလေးနှင့် ဂျိုကာတို့၏ တစ်ဦးချင်း သီဆိုတင်ဆက်ထားသည့် တေးသီချင်းများ၊ အခြားသော အနုပညာရှင်အချို့၏ တေးသီချင်းများအား လွှင့်တင်ပေးထားခြင်းဖြစ်ကာ ယခုဖျော်ဖြေပွဲတွင် ပရိသတ်များနှင့် အမှတ်တရရှိစေမည့် တေးသီချင်းများစွာဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲအတွက် ဝင်ကြေးနှုန်းထား ကျပ်တစ်သောင်းခွဲ သတ်မှတ်ထားကာ ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ရောင်းချလျက်ရှိသည်။ ဖျော်ဖြေပွဲကို မတ်၂ ရက်မွန်းလွဲ ၂ နာရီတွင် စတင်မည်ဖြစ်ပြီး ပါဝင်မည့် တေးသံရှင်တစ်ဦးချင်းစီက တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက် ရန်စီစဉ်ထားခြင်းဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်