
ဂျပန်နိုင်ငံတွင် ကျင်းပမည့် အိုကီနာဝါ ရုပ်ရှင်ပွဲတော်တွင် ဇာတိမြေ (My Country My Home ရုပ်ရှင်ဇာတ်ကား ပါဝင်ပြသခွင့် ရရှိထားသည်ဟု သိရသည်။ အိုကီနာဝါ ရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံတွင် ဧပြီလအတွင်း ကျင်းပမည်ဟု သိရသည်။
“ဒီဇာတ်ကားကို ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးခဲ့တာပါ။ ပြည်တွင်းမှာတော့ ရုံတင်ပြသမှု မတိုင်ခင်မှာ အွန်လိုင်း အတင်ခံလိုက်ရတဲ့အတွက် ဘာဝင်ငွေ အကျိုးအမြတ်မှ မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီဇာတ်ကားကို အမေရိကားမှာ သွားပြတဲ့အချိန်မှာ အောင်မြင်မှုရခဲ့တယ်။ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဇာတ်ကား တစ်ကားဖြစ်ခဲ့တယ်ဆိုတာတွေက အမြတ်ပါပဲ။ နောက်ပြီး ဒီဇာတ်ကားကို အခုဆိုရင် ANA လေကြောင်းလိုင်းတွေရဲ့ လေယာဉ်ခရီးစဉ် တွေမှာလည်း မြန်မာရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတိမြေက ပထမဆုံး အနေနဲ့ပြသခွင့်ရရှိထားပါတယ်။ နောက်ပြီး ဧပြီထဲမှာ ဂျပန်နိုင်ငံမှာကျင်းပမယ့် အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ အိုကီနာဝါ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခွင့် ရရှိထားပါတယ်။ အဲဒီအတွက် အစ်မတို့တွေ အရမ်းကို ပျော်ရွှင်ဂုဏ်ယူရပါတယ်” ဟု ဇာတိမြေဇာတ်ကား၏ Excutive Project Director ဒေါ်နန်းမောက်လောဝ်ဆိုင်က ဆိုသည်။
ဧပြီလအတွင်းကျင်းပမည့် 'အိုကီနာဝါ ရုပ်ရှင်ပွဲတော်'တွင် ဇာတိမြေ(My Country My Home) ရုပ်ရှင်ဇာတ်ကား သွားရောက် ပြသချိန်တွင် ဇာတ်ကားတွင်ပါဝင်သည့် အနုပညာရှင်များ အတတ်ပညာရှင်များလည်း တက်ရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။
ဇာတိမြေ ဇာတ်ကား၏ဇာတ်လမ်းကို NHK မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Yamamoto San က ရေးဖွဲ့ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်ကိုယ်တိုင် ဇာတ်ညွှန်းရေးဖွဲ့ကာ ရိုက်ကူးထားခြင်းဖြစ်ပြီး လက်ထောက် ဒါရိုက်တာအဖြစ် ဂျပန်လူမျိုး Shimada San က ပါဝင်ထားသည်။
အဆိုပါဇာတ်ကားတွင် အကယ်ဒမီ ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်းနှင့် အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ရိုက်ကူးသည့် ဇာတ်ဝင်ခန်းများ၌ ဂျပန် နိုင်ငံမှ အနုပညာရှင်များနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ပါဝင် ကူညီ သရုပ်ဆောင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်